1. Home
  2. Special or Others

လွန်ခဲ့တဲ့ ၁၈ နှစ်က ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးအလောင်း နေအိမ်ရေခဲသေတ္တာထဲမှာ တွေ့ရှိ

Special or Others ก.พ. 21, 2562 view 1,617
ခရိုအေးရှားနိုင်ငံ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သော ၁၈ နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးရဲ့ အလောင်းကို သူမမိသားစုရဲ့ နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် တွေ့ရှိခဲ့ကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
 
သေဆုံးသူမှာ “ဂျက်စ်မီနာဒိုမီနစ်” ဆိုသူ အမျိုးသမီးဖြစ်ပြီး ၂၀၀၀ ခုနှစ် သူမ အသက် ၂၃ နှစ်မှာ နောက်ဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။ သို့သော် အစ်မဖြစ်သူက ၂၀၀၅ ခုနှစ်ကျမှ ရဲစခန်းမှာ ပျောက်ဆုံးနေကြောင်း တိုင်ကြားခဲ့ပါတယ်။ လတ်တလောမှာတော့ ရဲတွေက လူပျောက်တိုင်ကြားခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် အစ်မဖြစ်သူ “Smiljana Srnec” ကို ထိန်းသိမ်းထားပါတယ်။
 
 
အလောင်းကိုတော့ မိသားစုနေအိမ် လျှောက်လမ်းတွင် ထားရှိသော ရေခဲသေတ္တာထဲမှာ ပြန်လည်တွေ့ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားပါတယ်။ အလောင်းကို ရေခဲသေတ္တာထဲတွင် မှန်ကြည်စက္ကူဖြင့် ထုတ်ပိုးထားပြီး လျှပ်စစ်မီးပျက်တောက်သွားရာမှ အနံ့ထွက်လာပြီး သိသွားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါသတင်းကြောင့် ခရိုအေးရှား ပြည်သူများ ထိတ်လန့်ခဲ့ပြီး နှစ်ပေါင်း ဒီလောက်ကြာအောင် အလောင်းကို ရေခဲသေတ္တာထဲထည့်ပြီး မိသားစုတွေ ဘယ်လိုအတူနေကြလဲဆိုတာ အံ့သြစရာတွေ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်ဘယ်လို ဖြစ်ပျက်ခဲ့လည်းဆိုတာကိုတော့ စုံစမ်းလို့ မရသေးဘူးလို့ စုံစမ်းစစ်ဆေးရေးအရာရှိ Mr Risak က ပြောဆိုခဲ့ပါတယ်။
 
 


Follow us on