1. Home
  2. Movie Stars - Celebrity

နာမည်ကြီးဘောလုံးအသင်း တော့တင်ဟမ်စပါး အိမ်ကွင်းမှာ သွားရောက်ဖျော်ဖြေရမယ့် BTS

Movie Stars - Celebrity ก.พ. 21, 2562 view 1,642

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်း တော့တင်ဟမ်ဟော့စပါး ဟာ သူတို့ရဲ့ အိမ်ကွင်းမှ BTS ကိုသောင်းသောင်းဖြဖြကြိုဆိုကြောင်း facebook page မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

BTS အဖွဲ့ဟာ အရှေ့နိုင်ငံများမှာသာမက အနောက်နိုင်ငံများမှာပါအောင်မြင်ကျော်ကြားနေပါတယ်။ လတ်တလောမှာ BTS ဟာ ‘Love Yourself: World Tour’ ကို ဖျော်ဖြေရေးအတွက်နိုင်ငံတကာကိုလှည့်လည်သွားလာနေရတာပဲဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာမှာ လှည့်လည်ဖျော်ဖြေတဲ့ BTS ဟာ အင်္ဂလန်မှာ World Tour လာလုပ်ဖို့အကြောင်းဖန်လာခဲ့ပါပြီ။ လာမယ့် ဇွန်လ (၁) ရက်နေ့မှာ နာမည်ကြီးပရီးမီးယားလိဂ်ဘောလုံးအသင်း တော့တင်ဟမ်ရဲ့ အိမ်ကွင်းမှာ ဖျော်ဖြေရမှာဖြစ်ပါတယ်။တော့တင်ဟမ်စပါးမှာ ကိုးရီးယားလူမျိုး ကစားသမားတစ်ယောက်ပါဝင်ပါတယ်။ သူကတော့ Son Heung Min ပါ။

တော့တင်ဟမ် အနေနဲ့ BTS ကို Wembly Stadium မှကြိုဆိုကြောင်း၊ ဒီနေရာဟာ ကိုးရီးယားလူမျိုး Son Heung Min ဂိုးတွေအများကြီး သွင်းခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်ကြောင်း Tottenham Hotspur  ဖေ့ဘွတ်ခ်စာမျက်နှာမှ အသိပေးပြောကြားခဲ့ပါတယ်။

 



Follow us on