
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ နာယက ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသသည် ကျန်းမာရေး အခြေအနေကြောင့် တရားဟောခြင်းအချိန် သုံးလခန့် ရပ်ဆိုင်းထားမယ်လို့သိရပါတယ်။
“ဆရာတော်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် တရားပွဲတွေ ခေတ္တရပ်နားထားတာပါ။ ဘယ်တော့လောက် ပြန်ဟောဖြစ်မယ်ဆိုတာ ပြောမရသေးပါဘူး” ဟု ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ တပည့်ဒါယကာဖြစ်သူ ဦးကျော်ငြိမ်းက ပြောပါတယ်။

ပါမောက္ခချုပ် ဆရာတော်ဟာ စင်ကာပူနိုင်ငံမှာ Medical Checkup ပြုလုပ်ခဲ့ရာ အသည်းထဲ့မှာ အကျိတ်ဟာ ၁ ဒသမ ၄၃ စင်တီမီတာ မှ ၂ ဒသမ၂၁ စင်တီမီတာခန့်အထိ အရွယ်အစား ကြီးလာတာကြောင့် ကုသမှုခံယူနေတာဖြစ်ပါတယ်။ ဆရာတော်ကို ထပ်မံ ဆေးစစ်မှုများ ထပ်မံပြုလုပ်ရန်အတွက် စင်ကာပူတွင် သီတင်း ၆ ပတ်ခန့် ပြုလုပ်ရမယ်လို့ ဆရာတော်၏ တပည့်ဒါယကာများထံမှ သိရပါတယ်။
ထို့အပြင် ဆရာတော်သည် ပညာဘူမိ တက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်၍ ပညာရေးကိစ္စများ ဆောင်ရွက်ရန် ကိစ္စများ၊ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဘတ်သလေဟမ်မြို့ရှိ သစ္စာနန္ဒဓမ္မစင်တာ ကျောင်းတိုက်တည်ထောင်ရန် ခရီးစဉ်များရှိတယ်လို့ သိရပါတယ်။
comment