1. Home
  2. Football

မြန်မာ U-22 အုပ်စုမှ တက်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ်

Football ก.พ. 21, 2562 view 1,535

မနေ့က မြန်မာအသင်းဟာ ကမ္ဘောဒီးယားကို ရှုံးနိမ့်ခဲ့ပြီးနောက် နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် အခွင့်အရေးနည်းပါးခဲ့ပြီ ဖြစ်သော်လည်း အုပ်စုမှ တက်ဖို့ မျော်လင့်ချက် ရှိနေပါသေးတယ်။ မြန်မာအသင်းဟာ ၂ ပွဲကစားပြီး ရမှတ် ၁ မှတ်သာရရှိခဲ့ပြီး အုပ်စုဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာ ယူ၂၂ အသင်းဟာ နောက်တွေ့ ဆုံရမဲ့ အသင်းဟာ မလေးရှားအသင်းဖြစ်ပါတယ်။ မလေးရှားအသင်းဟာ လည်း မြန်မာအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ တတိယ နေရာရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ အုပ်စုမှ တက်ရောက်နိုင်ဖို့ဆိုရင် ကိုယ်ဘက်က မလေးရှားကို အနိုင် ရရှိထားဖို့လိုအပ်ပါတယ်။ ဒါတောင် အခြားဖက် က ပွဲစဉ်ကိုစောင့် ကြည့်သွားရဦးမှာဖြစ်ပါတယ်။

 

မျှော်လင့်ချက် ၁

မြန်မာအသင်း ဟာနောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ဆိုရင် မလေးရှားအသင်းကို အနိုင်ကန်ပြီး တစ်ဖက်က အင်ဒိုနီးရှားအသင်းဟာ ကမ္ဘောဒီးယားအသင်းကို  ရှုံးမှသာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မှာဖြစ်ပါတယ်။

မျှော်လင့်ချက် ၂

တစ်ဖက်က ကမ္ဘောဒီယားအသင်းနဲ့ အင်ဒိုအသင်းတို့ သရေ ကျခဲ့မယ်ဆိုရင် မြန်မာအသင်းအနေနဲ့ မလေးရှားအသင်းကို အနိုင်ရရှိတာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မှာဖြစ်ပါတယ်။

အင်ဒိုအသင်းက ကမ္ဘော ဒီးယားအသင်းကို နိုင်သည်ဖြစ်စေ ၊ မြန်မာအသင်းက မလေးရှားအသင်းကို အနိုင်မကန်နိုင်ပါက အုပ်စုကနေ  လှည့်ပြန်ခဲ့ရမှာဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာအသင်းဘယ်လိုရလဒ်ထွက်သည်ဖြစ်စေ အင်ဒိုအသင်းပေါ်မှာပဲ မူတည်နေတာဖြစ်ပါတယ်။

အိမ်ရှင် ကမ္ဘောဒီးယားအသင်းကတော့ နှစ်ပွဲကစား နှစ်ပွဲ အနိုင်နဲ့ အုပ်စုဗိုလ်နဲ့ သာသာယာယာအုပ်စုအဆင့်ကို တတ်ရောက်သွားပြီဖြစ်တာကြောင့် အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ အင်ဒိုနဲ့ပွဲဟာ ပေါ့ပေါ့ပါးပါးနဲ့ ကစားသွားနိုင်မှာဖြစ်ပါတယ်။



Follow us on