1. Home
  2. Movie Stars - Celebrity

ငယ်ပြီးရုပ်ချောလွန်းတာကြောင့်ညီအစ်မတွေလို့ထင်မှတ်ခံခဲ့ရတဲ့ Twice အဖွဲ့ဝင် Chaeyoung နဲ့သူမမိခင်

Movie Stars - Celebrity ก.พ. 22, 2562 view 2,049

ကိုးရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Twice ဟာဆိုရင် မိန်းကလေး Idols အဆိုတော်အဖွဲ့တွေထဲမှာ ထိပ်တန်းစာရင်းဝင်တဲ့အဖွဲ့တစ်ဖွဲ့လို့ပြောလို့ရပါတယ်။ Twice အဖွဲ့မှာ တရုတ်နဲ့ ဂျပန်ကအဖွဲ့ဝင်တွေလဲပါဝင်ပါတယ်။

Twice အဖွဲ့ရဲ့ ချစ်စရာကောင်းတဲ့အပြုအမူများနဲ့ သီချင်းဆိုတဲ့ဟန်ပန်လေးတွေကြောင့် သူတို့ကိုချစ်ခင်ကြတဲ့ ဖန်တွေကလဲ ဒုနဲ့ဒေးပါပဲ။ သူတို့ ပုံစံလေးတွေက သီဆိုတဲ့သီချင်းတိုင်းနဲ့ လိုက်ဖက်လွန်းတာကြောင့် သူတို့သီချင်းလေးတွေဆိုရင် မပေါက်တဲ့သီချင်း မရှိသလောက်ဆိုတာ ပရိတ်သတ်လဲသိမှာပါ။

Twice အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင် Chaeyoung လေးကိုလဲ ပရိတ်သတ်ကြီးသိမှာပါ။ Chaeyoung ဟာဒီနှစ်မှာ အသက် ၂၀ ပြည့်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က အမေဖြစ်သူနဲ့ အားလပ်ရက်မှာလျှောက်လည်ဖြစ်တဲ့အကြောင်း Twice ရဲ့ Instagram စာမျက်နှာမှာတင်ခဲ့ပါတယ်။

ပုံကိုကြည့်ပြီး Chaeyoung ရဲ့အမေဖြစ်သူဟာနုပျိုလွန်းတာကြောင့် ပရိတ်သတ်တွေက ညီအစ်မတွေလို့အထင်မှားခဲ့ကြတာပါ။ Chaeyoung က အမေနဲ့ အနုပညာပြခန်းကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ဖန်တွေက ‘အစ်မ မဟုတ်ပဲအမေဆိုတာသေချာလား’ ‘မျိုးရိုးလိုက်တယ်ဆိုတာလိမ်လို့မရဘူး(အမေချောလို့ သမီးချောတာ)’ ‘အမေမဟုတ်ပဲ သူငယ်ချင်းလို့ထင်နေတာ’ အစရှိသဖြင့် ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။



Follow us on