1. Home
  2. Movie Stars - Celebrity

Line Walker 2 ပါဝင်သရုပ်ဆောင်ဖို့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပြီဆိုတဲ့ မင်းရာဇာ

Movie Stars - Celebrity ก.พ. 22, 2562 view 2,396

လတ်တလော ရန်ကုန်မြို့မှာ ကမ္ဘာကျော်ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားကြီး လာရောက် ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ဒီကားကြီးဟာ Line Walker 1 တုန်းက 92.3 millions ရရှိထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။

ဒီလို နာမည်ကြီးရုပ်ရှင်ကားကြီး မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးတာဟာ မြန်မာကအနုပညာရှင်တွေအတွက်လေ့လာသင်ယူဖို့ လက်မလွတ်သင့်တဲ့အခွင့်အရေးတစ်ခုဆိုလဲမမှားပါဘူး။ မြန်မာနိုင်ငံက ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး အချို့တို့က Line Walker 2 ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းကိုသွားရောက်ပြီး လေ့လာခဲ့ကြပါတယ်။ အလားတူ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းရာဇာ၊ နေထူးနိုင်၊ ကိုပေါက်၊ ဝေဋ္ဌုကျော်တို့ဟာ ရိုက်ကွင်းကိုအတူတကွသွားရောက် လေ့လာခဲ့ကြတာပါ။

သရုပ်ဆောင် မင်းရာဇာကို ရိုက်ကူးရေးအဖွဲ့မှ သဘောကျနှစ်သက်ပြီး သူတို့လိုချင်တဲ့ ကာရိုက်တာနဲ့ ကိုက်ညီမှုရှိသည့်အတွက် ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခံခဲ့ရပါတယ်။ မင်းရာဇာအနေနဲ့ ဒီလိုရွေးချယ်ခံရတဲ့အတွက် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း သူ၏ လူမှုကွန်ယက်ကနေ အသိပေးကြေငြာခဲ့ပါတယ်။

မြန်မာနိုင်ငံ သိက္ခာမကျအောင်၊ မြန်မာပရိတ်သတ်တွေကိုယ်စားအကောင်းဆုံး၊ အပီပြင်ဆုံး သရုပ်ဆောင်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ပရိတ်သတ်ကြီးရေ မင်းရာဇာတစ်ယောက် Line Walker 2 မှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာ ဂုဏ်ယူ ဝမ်းမြောက်စရာပါပဲနော်။ မင်းရာဇာနဲ့ ထပ်တူပျော်ရွှင်မိတယ်ဆိုရင် မှတ်ချက်လေးတွေပေးခဲ့ကြပါဦး။



Follow us on