1. Home
  2. Movie Stars - Celebrity

မိုက်ကယ်ဂျက်ဆင်တမ်းတခြင်းအထိမ်းအမှတ်အယ်လ်ဘမ်မှ ပထမဦးဆုံးထွက်ရှိလာတဲ့ သီချင်းအသစ်

Movie Stars - Celebrity ก.พ. 22, 2562 view 1,602

သေဆုံးသွားပြီဖြစ်တဲ့ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၁၉ ခုနှစ်မှာ အသက် (၆၁) နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ မိုက်ကယ့်ကို လွမ်းဆွတ်တမ်းတခြင်း၊ သူ့ရဲ့ အကပညာတွေလက်ဆင့်ကမ်းပေးမှုတို့ကြောင့် ချီးကျူးဂုဏ်ပြုခြင်း အထိမ်းအမှတ်အနေနဲ့ လာမယ့် ဇွန်လ (၂၅) ရက်နေ့မှာ The Greatest Dancer အယ်လ်ဘမ်ထွက်ရှိမှာဖြစ်ပါတယ်။

အယ်လ်ဘမ်မထွက်ရှိမီ လတ်တလောမှာ ဟောလိဝုဒ်ပေါ့ပ်အဆိုတော် Jason Derulo ၊ Exo အဖွဲ့ဝင် Lay နဲ့ တက်သစ်စ လူငယ်အဆိုတော်အဖွဲ့ NCT 127 တို့ တွဲဖက်သီဆိုထားတဲ့ သီချင်းအသစ်ထွက်ရှိလာပါတယ်။

သီချင်းနာမည်ကတော့ Let’s Shut up & Dance ဖြစ်ပြီး ဒီသီချင်းကို Jason Derulo ကိုယ်တိုင်ရေးသားတီးခတ်ထားတာဖြစ်ပါတယ်။ ဒီသီချင်းမှာ အကဟန်ပန်၊ ဂီတသံစဉ်နဲ့ Music Video ပြင်ဆင်ပုံတွေကအစ မိုက်ကယ်ဂျက်ဆင်ရဲ့ ပုံရိပ်ကိုထင်ဟပ်စေရန် အလေးထား ရိုက်ကူးထားတာ တွေ့ရမှာပါ။

မိုက်ကယ်ဂျက်ဆင်ရဲ့အကဟာ တစ်ချိန်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖိန့်ဖိန့်တုန်အောင်ကျော်ကြားခဲ့တာငြင်းလို့မရပါဘူး။ အရှေ့အာရှနိုင်ငံတွေမှာ ကျော်ကြားခဲ့၊ လွှမ်းမိုးခဲ့ပုံကို ရိုက်ပြချင်တဲ့အတွက် တရုတ်မှ Lay နဲ့ ကိုးရီးယားမှ NCT 127 တို့နဲ့ပူးပေါင်းခဲ့တာပဲဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်တီထွင်ခဲ့တဲ့ ကကွက်တွေ၊ သူကိုယ်တိုင် ဆန်းသစ်ခဲ့တဲ့ ဂီတပုံစံအမျိုးအစားတွေ လွှမ်းမိုးနေတဲ့ Let’s Shut and dance ကိုကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။



Follow us on