1. Home
  2. Special or Others

ကြက်တောင်ရိုက်ပြိုင်ပွဲမှာ နိုင်ငံဂုဏ်ဆောင် ချန်ပီယံဆုရရှိခဲ့တဲ့ သက်ထားသူဇာ

Special or Others ก.พ. 25, 2562 view 1,945
ယူဂန္ဓာနိုုင်ငံ၌ ကျင်းပသည့် Uganda International Series  ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့ပါတယ်။
 
ပြိုင်ပွဲကို ဖေဖော်ဝါရီ (၂၁) ရက်မှ (၂၄) ရက်အထိ ကျင်းပခဲ့ပြီး သက်ထားသူဇာသည် နောက်ဆုံးကျင်းပခဲ့သည့် International Series  ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့သောကြောင့် ယခုပြိုင်ပွဲ တွင် (၃၂) ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပါတယ်။

သက်ထားသူဇာသည် (၃၂) ဦးအဆင့်တွင် အိမ်ရှင်ယူဂန္ဓာကစားသမား ရှာမင်ကို ၂၁-၈ မှတ်၊ ၂၁-၉ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ၁၆ ဦးအဆင့်တွင် ယူဂန္ဓာကစားသမား မူဂါဘီကို ၂၁-၁ မှတ်၊ ၂၁-၇ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ကွာတား ဖိုင်နယ်တွင် ဇင်ဘာဘွေကစားသမား အိုဂါကို ၂၁-၉ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် အီရန်ကစားသမား ဆာမင်ကို ၂၁-၁၂ မှတ်၊ ၂၁-၁၅ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲတွင် ဂျော်ဒန်ကစားသမား အမ်ရိုကို ၂၁-၁၄ မှတ်၊ ၂၁-၁၂ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။

သက်ထားသူဇာသည် ပြီးခဲ့သည့်နှစ်မှစတင်ကာ International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်  Egypt International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆု၊ Nepal International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့ပါတယ်။



Follow us on