1. Home
  2. Myanmar News

ပဲခူးတွင် ယာဉ်လမ်းကြောလုရာမှ ရန်ပွဲဖြစ်သည့် ရုပ်သံ

Myanmar News ก.พ. 25, 2562 view 1,871
ပဲခူးမြို့တွင် မောတော်ဆိုင်ကယ် တစ်စီးနဲ့ ဆလွန်းကားတစ်စီးတို့ ယာဉ်လမ်းကြောင်း လုရာမှ ခိုက်ရန်ဖြစ်ပွားသော ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည်။ 
 
စီစီတီဗီရုပ်သံအရ ဆိုင်ကယ်နဲ့ ဆလွန်းကားတို့မှာ အစောပိုင်း အခြားတစ်နေရာမှာ ပြဿနာဖြစ်လာခဲ့ဟန်တူပြီး ဆလွန်းကားက ဆိုင်ကယ်ရှေ့မှ ဖြတ်ပိတ်ကာ ကားပေါ်မှ လူ ၃ ဦး ဆင်းလာပြီး အခြေအတင် ပြဿနာဖြစ်ခဲ့ကြခြင်းဖြစ်သည်။
 
 
သတင်းရင်းမြစ်ဖြစ်သည့် ပဲခူးသတင်းစုံ မှ ဖော်ပြချက်အရ ဖြစ်စဉ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက် ည၂၁း၃၀ အချိန်၌ ပဲခူးမြို့ သနပ္ပင်လမ်းမတန်းတွင် ဖြစ်ပွားခဲ့ပြီး မြို့နယ်တရားသူကြီးပါ သုံးဦးနှင့် ရဲတပ်သားလေးတစ်ဦးတို့ လမ်းမလွတ်သည့်ကိစ္စဖြင့် အချင်းပွားခဲ့ကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြကာ ပဲခူးမြို့မရဲစခန်းတွင် နှစ်ဘက်အပြန်အလှန် တိုင်ကြားခဲ့သည့်အတွက် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။


Follow us on