1. Home
  2. Movie Stars - Celebrity

အော်စကာဆုပေးပွဲကြီးမှာ မိန်းမခေါင်းစီးကြိုးလက်မှာပတ်လာလို့ဝေဖန်ခံနေရတဲ့ Aquaman မင်းသားကြီး

Movie Stars - Celebrity ก.พ. 25, 2562 view 1,660

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကား Aquaman ရဲ့အဓိကဇာတ်ဆောင်မင်းသားကြီး Jason Momoa ဟာ ဇနီးဖြစ်သူ Lisa Bonet နှင့်အတူ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲကြီးကိုတက်ရောက်ခဲ့ပါတယ်။

တောင့်တင်းတဲ့ ခန္ဓာကိုယ်၊ မြင့်မားတဲ့အရပ်အမောင်း နဲ့ယောင်္ကျားပီသတဲ့ ဟန်ပန်တို့ကြောင့် Aqua Man မင်းသားကြီးဆိုပြီး လူသိများလာတာပါ။ အော်စကာဆုပေးပွဲမှာ Aqua Man မင်းသား Momoa တစ်ယောက် ပရိတ်သတ်ကို အထိတ်တလန့်ဖြစ်စေတဲ့ ဖက်ရှင်စတိုင်မျိုး နဲ့ပွဲတက်လာခဲ့ပါတယ်။

ယောင်္ကျားပီသလှတယ်လို့ နာမည်ကြီးတဲ့ Aqua Man မင်းသားကြီးဟာ ပန်းရောင် Suit ကိုဝတ်ဆင်ထားပြီး မိန်းကလေး ခေါင်းစည်းကြိုးပန်းရောင်ကိုလဲလက်မှာ ပတ်ထားခဲ့ပါတယ်။ပန်းနုရောင် အမျိုးသမီးလက်ကိုင်အိတ် အသေးလေးကို လဲ လက်ကကိုင်ထားပါတယ်။

Momoa တစ်ယောက် ရုတ်တရက်ကြီး ပန်းရောင်တွေဘာတွေ ဝတ်စားဆင်ယင်လာတာ ပရိတ်သတ်အများရဲ့ မျက်စိထဲ ထော်လော်ကန့်လန့်ကြီး ဖြစ်နေတယ်လို့ မှတ်ချက်တွေပေးနေကြပါတယ်။ သို့ပေမဲ့ Momoa ဒီလိုမျိုး ဖက်ရှင်အသစ်အဆန်းတွေဝတ်ဆင်လာတာက ဇနီးဖြစ်သူနဲ့ လိုက်ဖက်ညီအောင် ဝတ်စားထားတာမျိုး တွေ့ရမှာပါ။ Momoa ကတော့ တကယ်ကိုကြင်နာတတ်တဲ့ခင်ပွန်းသည်တစ်ယောက်ပါပဲ။

ပရိတ်သတ်ကြီးရေ Aqua Man မင်းသားကြီး Jason Momoa ရဲ့ ပွဲတက်ဖက်ရှင်ကို ဘယ်လိုထင်မြင်မိလဲ ဆိုတာထင်မြင်ချက်လေးတွေပေးခဲ့ကြပါဦး။  

 



Follow us on