1. Home
  2. Movie Stars - Celebrity

အော်စကာဆုပေးပွဲမှာ အခမ်းနားဆုံးပွဲတက်ဝတ်စုံဆုရရှိခဲ့တဲ့ Billy Porter

Movie Stars - Celebrity ก.พ. 26, 2562 view 1,481

91 ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲကြီးမှာ နာမည်ကြီးအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး သူမတူတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ သူ့ထက်ငါအပြိုင် တောက်ပနေကြတာကိုတွေ့ရမှာပါ။

အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ Pose မှ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Billy Porter ဟာဒီပွဲကို အများနဲ့မတူ ထူးခြားစွာ Gown နဲ့တက်ရောက်ခဲ့ပါတယ်။ Billy ဟာ Gay တစ်ဦးဖြစ်ပြီး လိင်တူ အမျိုးသားချင်းလက်ထပ်ထားသူတစ်ဦးပါ။

အပေါ်ပိုင်းမှာ ဖဲပိုးကတ္တီပါ Suit နဲ့ Necktie ကိုကျကျနနဝတ်ဆင်ထားပြီး အောက်ပိုင်းမှာတော့ သေသပ်လှပတဲ့ဂါဝန်ကို ဝတ်ဆင်ထားတာတွေ့ရမှာပါ။

(၉၁) ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးကို တက်ရောက်ဖို့ Billy ရဲ့ရွေးချယ်မှုက မှန်ကန်ခဲ့ပုံပါပဲ။ Billy တစ်ယောက် ဒီဝတ်စုံနဲ့ Best Costume Award ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ Billy Porter ရဲ့ ဝတ်စားဆင်ယင်မှုက ခမ်းနားချက်ပါပဲနော်။ ပရိတ်သတ်ကြီးရဲ့ ထင်မြင်ချက်ကိုလဲ ရေးခဲ့ကြပါဦး။

 

 

 

 



Follow us on