1. Home
  2. Special or Others

ရည်းစားက လှည့်စားထားရစ်လို့ သူနဲ့ရခဲ့တဲ့ ၁၄ လ သမီးလေးကို သတ်ပစ်တဲ့မိခင်

Special or Others ก.พ. 26, 2562 view 1,545
ပီရူးနိုင်ငံက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ရည်းစားဖြစ်သူကို စိတ်နာပြီး သူနဲ့ရခဲ့တဲ့ အသက် ၁၄ လ သမီးလေးကို သတ်ဖြတ်ကာ မီးရှို့ဖျောက်ဖျက်ပစ်ခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
 
ကလေး၏ ဖခင် အသက် ၂၄ နှစ်အရွယ် “Marco Antonio Ticona Chiccalla” က သူ့ရဲ့ သမီးလေးကို ရည်းစားဖြစ်သူ အမျိုးသမီးက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲတိုင်ကြားခဲ့ပြီးနောက် အမှုမှန်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
 
 
ရဲအဖွဲ့က အသက် ၂၁ နှစ်အရွယ် “Lucero Oscava Burgos” ဆိုသူ အမျိုးသမီးကို ဖမ်းဆီးခဲ့ပါတယ်။ အစပိုင်းမှာတော့ သူမက ကလေးဟာ ကုတင်ပေါ်က ပြုတ်ကျခဲ့ပြီး သေဆုံးသွားတာကြောင့် Hatun Mayu မြစ်ကမ်းနံဘေးမှာ မြေမြုတ်သင်္ဂြိုလ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
 
 
သက်ဆိုင်ရာက အလောင်းကို မြစ်ကမ်းနဘေးမှာ ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ သူမကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးတဲ့အခါမှာတော့ ၁၄ လ သမီးလေးကို စောင်နဲ့ အသက်ရှုမွမ်းကြပ်အောင် လုပ်ကာ သတ်ခဲ့ပြီးနောက် အလောင်းကို မီးရှို့ကာ ပြောင်းနှမ်းခင်းကြီး တစ်ခုထဲမှာ ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီလိုလုပ်ရတာဟာ သူမရဲ့ ရည်းစားကြောင့်ဖြစ်ပြီး ရည်းစားဖြစ်သူဟာ သူရဲ့အလုပ်ထဲက တစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတာကြောင့် စိတ်နာပြီး လုပ်ခဲ့တာလို့ ထွက်ဆိုပါတယ်။
 
အာဏာပိုင်တွေက ခြုံစောင်ပတ်လျှက် မီးရှို့ခံထားရတဲ့ ကလေးရဲ့အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး ဆေးစစ်ချက်ရယူရန် လုပ်ဆောင်နေပြီး မိခင်ဖြစ်သူကိုတော့ တရားစွဲပြစ်ဒဏ်ချနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သတင်းရရှိသည်။
 


Follow us on