1. Home
  2. Special or Others

လေယာဉ်ခရီး မိုင် ၉၀၀၀ ကျော်ကို ခရီးဆောင်သေတ္တာထဲကနေ လိုက်လာတဲ့မြွေ

Special or Others ก.พ. 26, 2562 view 1,760
မိုင် ၉ ထောင်ဝေးတဲ့ သြစတေးလျနိုင်ငံ အပမ်းဖြေခရီးကနေ လေယာဉ်စီးပြီး အိမ်ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခရီးဆောင်သေတ္တာကို ဖွင့်လိုက်တဲ့အခါမှာတော့ အံ့သြထိတ်လန့်သွားခဲ့ရပါတယ်။
 
 
Moira Boxall ဆိုသူ အမျိုးသမီးဟာ ခရီးသေတ္တာထဲက သူမရဲ့ အဝတ်ဖိနပ်တစ်ဖက်ထဲမှာ အရေခွံလဲလျှက် စပါးအုံးမြွေတစ်ကောင်ကို ရုတ်တရက်တွေလိုက်တဲ့အတွက် ထိတ်လန့်သွားခဲ့ပါတယ်။ ဒီမြွေဟာ သူမရဲ့ ခရီးဆောင်သေတ္တာထဲ ဘယ်လိုပါလာသလဲဆိုတာ မတွေးတတ်အောင် ဖြစ်နေခဲ့ပါတယ်။
 
 
မြွေဟာ လေယာဉ်ပေါ်က သူမရဲ့ခရီးဆောင် သေတ္တာထဲ ဝင်နေခဲ့ဟန်တူပြီး လေယာဉ်စီးချိန် တလျှောက်မှာ သူ့ရဲ့အရေခွံ လဲနေခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က မင်းသားကြီး “Samuel L. Jackson” ရိုက်ကူးခဲ့တဲ့ “Snakes on a Plane” ဇာတ်ကားကိုတောင် အမှတ်ရသွားစေပါတယ်။
 
 
ယခုလိုမျိုး လေယာဉ်ပေါ်မှာ မြွေပါလာတာမျိုးက မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။ ၂၀၁၆ ခုနှစ်က တိုရန်တိုမြို့ကနေ မက္ကစီကိုမြို့ကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ မြွေပါလာတာကြောင့် ခရီးသည်တွေ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ဖူးပါတယ်။
 
 
Moira Boxall ကတော့ ပိုးမွှားတိရိစ္ဆာန်ထိန်းသိမ်းရေးဌါနကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး စပါးအုန်းမြွေ အသေးစားလေးကို ဖယ်ရှားခဲ့ပါတယ်။ သူမအနေနဲ့ နောက်တစ်ခါ ဒီအဝတ်ဖိနပ်ကို စီးခါနီးတိုင်း ဒီအဖြစ်ပျက်ကို သတိရနေမှာ သေချာပါတယ်။


Follow us on