တောင်ကိုးရီးယားနိုင်ငံ ဒိတ်ဒိတ်ကျဲ အဆိုတော်အဖွဲ့ BTS ဟာ အနောက်နိုင်ငံတွေမှာ လဲလူကြိုက်များကျော်ကြားလျက်ရှိပါတယ်။ ဟောလိဝုဒ်ရဲ့ ကြီးကျယ်ခမ်းနားဆုံး ဂရမ်မီဆုပေးပွဲကြီးကိုလဲ ဆုကြေငြာသူအဖြစ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
BTS ဟာ Billborad Chart ပေါ်ကနေမဆင်းတဲ့ တစ်ခုတည်းသောကိုးရီးယား အဆိုတော်အဖွဲ့ဖြစ်လာပါပြီ။
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အနုပညာရှင်တွေထဲက ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တွေကို IFPI ရဲ့ စစ်တမ်းကောက်ယူချက်အရ BTS က ဒုတိယ ရောင်းအားအကောင်းဆုံး နေရာကိုရရှိခဲ့ပါတယ်။
No-1 နေရာကတော့ Drake ဖြစ်ပြီး 3 က Ed Shreen , 4 က Post Malone , 5 က Eminem တို့ အသီးသီးဖြစ်ကြပါတယ်။ ကိုးရီးယား အဆိုတော်အဖွဲ့ အနေနဲ့ ဒီလို ကမ္ဘာကျော်အနုပညာရှင်တွေကြားမှာ ဂုဏ်ယူဝင့်ကြွားနိုင်တာ BTS ပရိတ်သတ်တွေ အတွက်တော့ ဂုဏ်ယူစရာပါပဲ။
IFPI (International Federation of Phonographic Industry) ရဲ့ စစ်တမ်းကောက်နှုတ်ချက်အရ ကျန်ရှိနေတဲ့ ရောင်းအားအကောင်းဆုံး အဆိုတော်တွေရဲ့ အယ်လ်ဘမ်တွေကတော့ 6 က Queens , 7 က Imagine Dragons, 8 က Ariana Grande , 9 က Laday Gaga , 10 က Bruno Mars တို့ပဲဖြစ်ပါတယ်။
(ပိုပိုလေး)