1. Home
  2. Movie Stars - Celebrity

အခွန်ရှောင်သည့်အတွက် စပိန်တရားရုံးမှဆင့်ခေါ်ခြင်းခံခဲ့ရတဲ့ Shakira

Movie Stars - Celebrity ก.พ. 27, 2562 view 1,517

ကိုယံဘီယာ ပေါ့ပ်အဆိုတော် Shakira ကို စပိန်နိုင်ငံ၊ ဘာစီလိုနာ တရားရုံးမှ အခွန်ရှောင်ခြင်းမှု နဲ့ စပ်လျဉ်းပြီးဆင့်ခေါ်လာခဲ့ပါတယ်။

Shakira ဟာ စုစုပေါင်းအခွန် 16.4 မီလီယမ်ဒေါ်လာ ရှောင်ထားခဲ့တာဖြစ်ပြီး တရားရုံးမှာ လာမယ့် ဇွန်လပိုင်းအလည်လောက်မှာ ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Shakira တစ်ယောက် အခွန်ရှောင်နေခဲ့တာ ၂၀၁၂ နဲ့ ၂၀၁၄ အပိုင်းအခြားလောက်ကတည်းက ဖြစ်ပြီး လက်ရှိ Panama မှာ ကိုယ်ပိုင်အိမ် ဝယ်ထားတာပြီးနောက် တရားရုံးမှ ပိုပြီး သံသယဝင်လာခဲ့တာဖြစ်ပါတယ်။

ဒီအမှုမှာ Shakira က ကုမ္ပဏီ ၁၄ ခုမှ ရရှိလာတဲ့ ဝင်ငွေအချို့ကို ဖုံးကွယ်ထားပြီး အခွန်ရှောင်နေတာဖြစ်တယ်လို့ တရားရုံးမှ အတည်ပြု စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလား သီချင်းတွေမှာဆိုရင် Shakira မပါရင်ပွဲမစည်ပါဘူးနော်။ သီချင်းမြူးမြူးလေးတွေနဲ့ ကိုလံဘီယာအကတွေကို ကျွမ်းကျင်ပိုင်နိုင်စွာကပြတတ်တဲ့ သူမကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အများအပြားပါပဲ။

သူမအနေနဲ့ လာမယ် ဇွန်လ ၁၂ ရက်နေ့မှာ ဘာစီလိုနာတရားရုံးမှာ အမှုကိုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ Shakira ဟာ ခင်ပွန်းဖြစ်သူ ဘာစီလိုနာအသင်းမှဘောလုံးသမား  Gerard Peque’ ၊ သားသမီးတွေနဲ့အတူ မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ အတူနေထိုင်နေတယ်လို့သိရပါတယ်။

(ပိုပိုလေး)



Follow us on