1. Home
  2. Myanmar News

ဆီဘောက်ဆာထဲတွင် ဝှက်သယ်လာသော တရားမဝင်သစ်များ ဖမ်းဆီးရမိ

Myanmar News ก.พ. 27, 2562 view 1,800
မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် ဆီသယ်ဘောက်ဆာ ကားကြီးအတွင်း သစ်များကို စနစ်တကျထည့်ကာ ခိုးသယ်ဆောင်မှုတစ်ခုကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
 
 
သတင်းအရ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မှုခင်းနှိမ်နှင်းရေးမှ ရဲအုပ်ကျော်လင်းဦး၊ ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝင်းညွန့်အောင်၊ ပြင်ဦးလွင်မြို့ သစ်တောဦးစီဌာနမှ တောအုပ်ကြီးဦးပြင်အောင် နှင့် ပူးပေါင်းအဖွဲ့များသည် သက်သေများဖြစ်ကြသော ဦးဝင်းမော်သန်း ဦးမြခိုင်တို့နှင့်အတူ မြို့ရှောင်လမ်းတွင် ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် YGM 9M 2046 နောက်တွဲအမှတ် 1TCR 7368 အဖြူရောင် ဆီဘောက်ဆာကားအား စစ်ဆေးရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးစလုံးကို မတွေ့ရတော့ပဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
 
 
 
အဆိုပါ ဆီဘောက်ဆာယာဉ်အား မြို့မရဲစခန်းသို့ မောင်းနှင်ခဲ့ပြီးနောက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင် သစ်တောရေးရာဝန်ကြီးဌာန မြိုနယ်တာဝန်ခံ ဦးတင်မျိုးအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဖုန်ဦး၊ စိန်းလန်းပြင်ဦးလွင်အဖွဲ့ ပြင်ဦးလွင်သတင်းစာဆရာများအသင်း တိုရှေ့မှောက်တွင် ဆီဘောက်ဆာအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ တရာမဝင်သစ်များ တွေ့ရှိခဲ့သဖြင့် သစ်တောဦးစီးဌါနသို့ လွှဲပြောင်းပေးအပ် စစ်ဆေးစေခဲ့သည်။
 
 
 
တမလန်း ၁၀ တုံး နှင့် ပိတောက်ရွေတုံး ၃၇ တုံး၊ စုစုပေါင်းသစ်အလုံး ၄၇ လုံး၊ တန်အားဖြင် ၈.၀၈၃၄ တန် အား သိမ်းဆည်းရမိခဲ့သဖြင့် အထက်ပါတရားမဝင်သစ်များ သယ်ဆောင်လာသော ဆီဘောက်ဆာယာဉ်ပိုင်ရှင်အား ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင် ကနဦးသတင်းအရ သိရှိရသည်။
 
သတင်း - ခါတော်မီ ကိုဇော်


Follow us on