1. Home
  2. Movie Stars - Celebrity

အော်စကာစင်မြင့်ထက်က Laday Gaga နဲ့ Bradley Copper တို့ရဲ့လှပခမ်းနားလှဖျော်ဖြေမှု

Movie Stars - Celebrity ก.พ. 27, 2562 view 1,543

ဟောလိဝုဒ်စတား Bradley Cooper နဲ့ လေဒီဂါဂါတို့ဟာ A Star is Born ရုပ်ရှင်ဇာတ်ကားထဲမှာ အတူပါဝင် သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။A Star is Born ဟာ Bradley Cooper ရဲ့ ပထမဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီကားဟာ လေဒီဂါဂါ ပထမဦးဆုံး အဓိကဇာတ်ဆောင်အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်။

သီချင်းဆိုတာကို ဝါသနာထုံပြီး အဆိုတော်ဖြစ်ဖို့ စိတ်အားထက်သန်တဲ့ ကောင်မလေးနဲ့ အရက်စွဲနေတဲ့ နာမည်ကြီးတေးရေးဆရာတို့အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ A Star is Born မှာ Bradley နဲ့ Gaga တို့ တွဲဖက်သီဆိုထားတဲ့ Shallow သီချင်းကအရမ်းပေါက်ခဲ့တာပါ။ Shallow သီချင်းနဲ့ Gaga ဟာ Global Globes , Grammy အပြင် အော်စကာဆုကြီးကိုပါ ဆွတ်ခူးရရှိထားတာဖြစ်ပါတယ်။

Bradley နဲ့ Gaga တို့ 91 ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးမှာ Shallow သီချင်းနဲ့ စင်မြင့်ထက်မှာ ဖျော်ဖြေခဲ့ကြပါတယ်။ ချစ်ခြင်းမေတ္တာကိုဖော်ကျူးထားတဲ့ ဒီသီချင်းကို နားဆင်သူတိုင်း သဘောကျနှစ်သက်ခဲ့ကြသလို၊ သူတို့နှစ်ဦးရဲ့ဖျော်ဖြေမှုကလဲ ပြီးပြည့်စုံလှတာကြောင့် ပရိတ်သတ်ရဲ့ နှလုံးသားကို လှုပ်နှိုးလာနိုင်ခဲ့ပါတယ်။

Bradley နဲ့ Gaga တို့ရဲ့ အော်စကာစင်မြင့်ထက်က ဖျော်ဖြေမှုဗွီဒီယိုဟာ လက်ရှိမှာတော့ Youtube ရဲ့ နံပါတ် (၂) ကြည့်ရှုသူအများဆုံးဖြစ်နေပါပြီ။ အားလုံးပဲ ကြည့်ရှုပြီးရင် ဘယ်လိုခံစားရသလဲဆိုတာပြောခဲ့ကြပါဦး။

 



Follow us on