ပရီးမီးယားလိဂ်ပြီးဆုံးဖို့ လက်ကျန် ၁၀ ပွဲသာကျန်ရှိတော့တဲ့ အချိန်မှာ ချန်ပီယံဆုအတွက် အားပြိုင်နေကြတဲ့ အသင်းတွေ၊ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကြိုးစားနေကြတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ် ထုံးစံ အတိုင်း အပြိုင်အဆိုင်ဖြစ်လာခဲ့ပါတယ်။ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာအသင်းကြီး အများစုက နိုင်ပွဲရရှိအောင်စွမ်းဆောင် သွားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်အပြိုင်အဆိုင်ဖြစ်လာတဲ့ လီဗာပူးလ် အသင်းနဲ့ မန်စီးတီးအသင်းဟာလည်း အမှားမခံဘဲ နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ပါတယ်။ အမှတ်ပေးဇယား အပြောင်းအလဲဖြစ်ခဲ့ခြင်းမရှိခဲ့ဘဲ လီဗာပူးလ် အသင်းက အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး ဒီရာသီ ချန်ပီယံဆု အတွက် အနီးကပ် ပြိုင်ဘက် မန်စီးတီးအသင်းက လီဗာပူးအသင်းရဲ့ နောက် တစ်မှတ်အကွာ ကနေ ဆက်လက် ဖိအားပေးလျှက်ရှိနေပါတယ်။
ချန်ပီယံလမ်းကြောင်းပေါ်မှာ တစ်စွန်းတစ်စ ရှိနေတဲ့ စပါးအသင်းဟာ ချလ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီး တစ်ဖြည်းဖြည်းနဲ သွေဖယ်လာခဲ့ပါတယ်။ချန်ပီယံဝင်ခွင့် တစ်နေရာ အတွက် အားပြိုင်နေကြတဲ့ အာဆင်နယ် ၊ ချလ်ဆီး ၊ မန်ယူ အသင်းတို့ကလည်း မနေ့ညက ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ကြပါတယ်။
နောက်ပိုင်း ရလဒ်ကောင်းတွေစွမ်းဆောင် နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ အဆင့် ၄ နေရာမှာရှိနေပြီး နောက်ပိုင်းရလဒ်ဆိုးတွေနဲ့ ကြုံတွေနေရတဲ့ ချလ်ဆီးအသင်းကတော့ တစ်ပွဲလျှော့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။နည်းပြကြီးဆိုးရှားလ် လက်ထက်မှာ အကောင်းဆုံးစွမ်းဆာင်ရည်တွေနဲ့ ပြန်လာခဲ့တဲ့ မန်ယူအသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် အဆင့် ၅ နေရာမှာရှိနေပါတယ်။
ရာသီကုန်မှာ ဘယ်အသင်းတွေက ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ပိုင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်နေပါတယ်။ နောက်တစ်ပါတ်မှာတော့ ဒါဘီ ပွဲစဉ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ကျန်အသင်းကြီးတွေကတော့ အလယ်အလတ် အသင်းတွေနဲ့ ၊ အသင်းငယ်လေးတွေ့ နဲ့ ကစားသွားရမှာဖြစ်ပါတယ်။
ရာသီကုန်မှာ ဘယ်အသင်းက ချန်ပီယံဆု ရမှာလဲ ၊ ဘယ်အသင်းတွေက ချန်ပီယံဝင်ခွင့်ရမှာလဲ ...?