1. Home
  2. Football

ဘာနေဗျူးမှာ ရီးရဲလ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ဘာစီလိုနာ

Football ก.พ. 28, 2562 view 1,507

FT: ရီးရဲလ် 0-3 ဘာစီလိုနာ

မနေ့က စပိန်ကိုပါဒယ်ဖလား ဆင်မီးဖိုင်နယ်ပွဲ ဒု-ကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ထရစ်ကို ၀-၃ ဖြင့် ဘာနေဗျူးမှာ အနိုင်ရရှိခဲ့ပြီး ဖိုင်နယ် သိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာ နှစ်ကျော့ပေါင်း ရလာဒ် ၄-၁ နဲ့ မဟာပြိုင်ဘက်ကြီး ရီးရဲလ်မက်ထရစ်ကို အနိုင်ယူကာ ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲကို ၆ ကြိမ် ဆက်တိုက် တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ အနိုင်ဂိုးတွေကို တိုက်စစ်မှူး လူဝစ် ဆွာရက်စ် ကတစ်ယောက်တည်း သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ရီးရဲလ်မက်ထရစ်ရဲ့ ကွင်းကြီးထဲကို သွားရောက် ယှဉ်ပြိုင် ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ယူ အောင်ပွဲခံခဲ့ပြီး သွင်းဂိုးက ၁၃  ဂိုး အထိ ရှိနေခဲ့ ပါတယ်။ ကိုပါဒယ်ရေးဖလား ရဲ့ အအောင်မြင်ဆုံး အသင်းကလဲ ဘာစီလိုနာ အသင်းက အမြင့်မားဆုံး အောင်မြင်မှု ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်လာမည့် အပါတ်မှာလည်း ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ်အဖြစ် ရီးရဲမက်ထရစ် အိမ်ကွင်း မှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

 

 

 

 

 



Follow us on