1. Home
  2. Football

London Football Awards ဆုရရှိခဲ့တဲ့ စပါးအသင်း ကစားသမား ဆွန်ဟောင်မင်

Football มี.ค. 01, 2562 view 1,541

လန်ဒန်အခြေစိုက်ကလပ်အသင်းများမှ ကစားသမားများကို သီးသန့်ရွေးချယ်၍ ဂုဏ်ပြုချီးမြှင့်သော London Football Awards ဆုပေးပွဲကို ကြာသပတေးနေ့က ကျင်းပပြုလုပ်ခဲ့ရာ စပါးအသင်းမှ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်က ပရီးမီးယားလိဂ်အကောင်းဆုံးဘောလုံးသမားဆု ကိုရရှိခဲ့ပါတယ်။

ဆွန်ဟောင်မင်သည် အသင်းဖော် ဟာရီကိန်း၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း၊ ချလ်ဆီးတောင်ပံကစားသမား ဟာဇက်တို့နှင့် အဓိကပြိုင်ဆိုင်ခဲ့ရပြီး    အဆိုပါဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

 ဆွန်ဟောင်မင်သည် ၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းနှင့်အတူ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့သလို၊ ပြီးခဲ့သည့်ရာသီတွင် စပါးအသင်းအတွက် (၁၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၉) ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါကြောင့် လန်ဒန်အခြေစိုက် အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ဆုရွေးချယ်ရာတွင် ပရီးမီးယားလိဂ်ဘောလုံးသမား များပါဝင်သည့် ကျွမ်းကျင်သူ(၂၂)ဦးက မဲပေး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း စပါးအသင်းနည်းပြ ပိုချက်တီနိုက ရရှိခဲ့ပါတယ်။ ပိုချက်တီနို ဟာ စပါးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး လန်ဒန်အသင်းအားလုံးထဲ့မှ အဆိုပါဆုကို ရွှေးချယ်ခံရပြီး ရရှိခဲ့တာဖြစ်ပါတယ်။



Follow us on