1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်ကြီးစောင့်မျှော်နေတဲ့ Friend Zone ရုပ်ရှင်ကားမြန်မာမှာ ရုံတင်ပြသနေပါပြီ

Movie Stars - Celebrity มี.ค. 01, 2562 view 2,022

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံပေါင်း (၉) နိုင်ငံမှာ လှည့်လည်ရိုက်ကူးထားတဲ့ Friend Zone ရုပ်ရှင်ကားကြီးကို ကြည့်ရှုဖို့ ပရိတ်သတ်ကြီးစောင့်မျှော်နေမယ်ထင်ပါတယ်။ ဒီဇာတ်ကားဟာ ထိုင်း၊မြန်မာ၊ မလေးရှား၊လာအို၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိတဲ့ နိုင်ငံတွေရဲ့ အထင်ကရနေရာတွေမှာသွားရောက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Friend Zone ရုပ်ရှင်ကားမှာ Nine Naphat နဲ့ Baifern Pimchnok တို့ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Friend Zone ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းကို သွားရောက်ရိုက်ကူးထားတဲ့  နိုင်ငံ (၉) နိုင်ငံရဲ့ ဘာသာစကားတွေနဲ့ သီဆိုထားတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဖြူဖြူကျော်သိန်းက အားဖြည့်သီဆိုခဲ့တာပါ။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်က ရုံတင်ပြသခဲ့ပြီး မြန်မာမှာတော့ မတ်လ (၁) ရက်နေ့ မှစတင်ပြီး မင်္ဂလာရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံဘုရားအပါအဝင် တခြားတန်ခိုးကြီးဘုရားတွေမှာပါ လာရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားလာရေး ဈေးကွက်မှာ ထင်ပေါ်အောင်ရိုက်ကူးပေးသွားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာမှာပြသရတဲ့ ရုပ်ရှင်ကားတစ်ကားမှာ မြန်မာနိုင်ငံပုံရိပ်တွေပါဝင်ရတယ် ဆိုတာ ဂုဏ်ယူဝမ်းမြောက်စရာပါ။ Friend Zone ရုပ်ရှင်ကားကြီးမှာ မြန်မာနိုင်ငံကို ဘယ်လို ပုံဖော်ရိုက်ကူးထားတယ်ဆိုတာ မသိချင်ကြဘူးလား ပရိတ်သတ်ကြီးရေ။ Mingalar Cinema တွေမှာ ဒီနေ့ကစပြီးပြနေပြီဆိုတော့ သွားရောက်ကြည့်ရှုအားပေးလိုက်ကြပါဦး။

(ပိုပိုလေး)



Follow us on