1. Home
  2. Football

ဘင်္ဂလားဒေ့ရှ် အသင်းကို မဖြစ်မနေ အနိုင်ကစားရတော့မဲ့ မြန်မာ့ ယူ၁၆ အမျိုးသမီးအသင်း

Football มี.ค. 01, 2562 view 1,481

မန္တလေးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှအမျိုးသမီးယူ၁၆ မြန်မာအမျိုးသမီး အသင်းဟာ ယနေ့ညနေမှာ ၆ နာရီမှာ ဘင်္ဂလားဒေ့ရှ် အသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်နိုင်ရေးအတွက် အနိုင်ရရှိဖို့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။

ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်မှာ တရုတ်အမျိုးသမီး ယူ၁၆အသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး ပွဲပြီးချိန်တွင် ၅-၀ နှင့် အရေးနိမ့်ခဲ့ပါတယ်။

" ကျွန်မတို့ရဲ့ ရည်မှန်းချက်က ခြေစစ်ပွဲ အောင်ဖို့အတွက်ပါ။ တရုတ်နဲ့ပွဲမှာ သရေရလဒ်ရဖို့အတွက် အဓိကထား ပြင်ဆင်ခဲ့ပါတယ်။ ပေးဂိုးများခဲ့တယ်ဆိုပေမယ့် ကျွန်မတို့ဘက်ကလည်း ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ တရုတ်အသင်းရဲ့ အားသာချက်ဖြစ်တဲ့ ထောင့်ကန်ဘော၊ ပြစ်ဒဏ်ဘောတွေကနေ ဂိုးမပေးရဖို့အတွက် ပြင်ဆင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ ထောင့်ကန်ဘောကနေ ၃ဂိုး အထိခွင့်ပြုခဲ့ရပါတယ်။ တရုတ်အသင်းက အမျိုးသမီးဘောလုံးမှာ အင်အားကြီးနိုင်ငံပါ။

လူကောင်၊ ကြံ့ခိုင်မှု အစစအရာရာသာလွန်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အသင်းနဲ့ ပွဲမှာကျွန်မ ကလေးတွေ အမှားတွေကိုသင်ယူပြီး နောက်တစ်ဆင့်တက်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ် "  ဟု မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ပြောကြားခဲ့ပါတယ်။

လာမည့် မတ်လ ၃ ရက်နေ့မှာတော့ မြန်မာအသင်းဟာ  ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။



Follow us on