1. Home
  2. Myanmar News

High Class ယာဉ်မှောက်မှု ဖြစ်စဉ်နဲ့ပါက်သက်ပြီး ယာဉ်ပေါ်မှာ ပါလာသူတစ်ဦး၏ ပြောကြားချက်

Myanmar News มี.ค. 05, 2562 view 1,519

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် ၇၇ အနီးတွင် ယနေ့ မတ်လ ၅ရက်၊ နံနက် ၆ နာရီခန့်က ကလေး -ရန်ကုန် High Class ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ရဟန်း ၄ ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး ၂၅ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ယာဉ်ပေါ်တွင်ပါလာသည့် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဦးလျန်ခန့်တွောင်ထံမှ ပြောကြားချက်အရ ဦးလျန်ခန့်တွောင် ဟာ ကလေးမြို့က ဆက်သွယ်ရေးဝန်ထမ်း(မိုက်ကရိုဝေဗ့်) တစ်ဦးဖြစ်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး သာမန်ပွန်းပဲ့ဒဏ်ရာပဲ ရခဲ့တယ်လို့ သိရပါတယ်။ ဦးလျန်ခန့်တွောင် ဟာ ကလေးမြို့ ကားဂိတ်ကနေမနေ့က မွန်းတည့်တစ်နာရီလောက်က လိုက်ပါစီးနင်လာတာဖြစ်ပြီး  အလုပ်ဌာနက စေလွှတ်တဲ့သင်တန်းကို ရန်ကုန်မြို့ဆက်သွယ်ရေး စာတိုက်ကြီးမှာ တက်ဖို့လာခဲ့တာဖြစ်ပြီး အခုလို့အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးလျန်ခန့်တွောင် က “ကျွန်တော် ကလေးဂိတ်ကနေတက်လာပြီး ညနေပိုင်းလောက်မှာ ဂန့်ဂေါအထွက်က မွေ့လွယ်ရွာထမင်းဆိုင်တစ်ဆိုင်မှာ ရပ်နားတုန်း ယာဉ်တာဝန်ရှိသူတွေက ကားဘီးတွေလဲတာ တွေ့ရတယ်။ ကုန်စည်ပစ္စည်းနဲ့ခရီးသည် မတန်တဆတင်တာမျိုးတော့ ကျွန်တော် မမြင်မိဘူး။ ကားက ခုံတန်းလေးလုံးဖြစ်ပြီး အချို့ခုံတွေတောင် လွတ်နေတာမြင်ရတယ်။ ယာဉ်မောင်းနဲ့စပါယ်ယာ လေးဦးပါတာတွေ့ပြီး ယာဉ်မောင်းအလဲအလှယ်လုပ်တာ၊ မလုပ်တာမျိုးသတိမထားမိဘူး။”  လို့ဆိုပါတယ်။

အခင်းမဖြစ်မီ ကျွန်တော် အိပ်ပျော်နေတယ်။ ဒါပေမဲ့ ကားဘီးပေါက်တယ်လို့ယူဆရတယ်။ ကား ဘယ်၊ ညာ တအား ရိုက်သွားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခုံပေါ်ကနေလွင့်ကြသွားတယ်။ ဘေးနားမှာလူတွေရဲ့ အော်ဟစ်သံတွေ ကြားနေရပါတယ်။ ဘေးချင်ကပ် ထိုင်တဲ့ ကောင်းမလေးကတော့ ရှာမတွေ့ သေးဘူးလို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် ရဲတပ်ဖွဲ့ တွေ အမြန်ရောက်လာကြပြီး ကျွန်တော်တို့ကိုကယ်ထုတ်ပေးခဲ့ပါတယ်။ ရဲတွေ၊ မီးသတ်တွေသာမက ကယ်ဆယ်ကူညီရေးအဖွဲ့တွေလည်းလာတယ်။ ယာဉ်မတော်မဆမှုမှာ ဒရိုင်ဘာဖြစ်သူတော့ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။



Follow us on