1. Home
  2. Myanmar News

ယူကရိန်းက မြန်မာနိုင်ငံတွင် သံချပ်ကာကားစက်ရုံ တည်ဆောက်မည်

Myanmar News มี.ค. 07, 2562 view 1,704
ယူကရိန်း စစ်တပ်ရဲ့ စက်လက်နက်ပစ္စည်းများ ပို့ကုန်သွင်းကုန်ကုမ္ပဏီဖြစ်တဲ့ Ukrspecexport ကုမ္ပဏီက မြန်မာနိုင်ငံနှင့် ပူးပေါင်းကာ သံချပ်ကာကားတပ်ဆင်ရေး စက်ရုံတည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရှိရသည်။
 
မတ်လ ၆ ရက်နေ့က နိုင်ငံတစ်ကာ စစ်တပ်သတင်းများကို ဖော်ပြနေတဲ့ Defence Blog ရဲ့ ရေးသားမှုအရ ယူကရိန်းဘက်က လိုအပ်တဲ့ ပစ္စည်းကရိယာများနဲ့ စက်ရုံတည်ဆောက်ရန် လိုအပ်တဲ့ အထူးစက်ကြီးများကို မြန်မာနိုင်ငံသို့ စတင် ပို့ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံသို့ တင်ပို့နေတဲ့ စက်တွေထဲမှာ BTR-4U ဘီး ၈ လုံးတပ် 8x8 အမျိုးစား သံချပ်ကာကား၊ 2S1U အမျိုးအစားတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ စက်တွေ ပါဝင်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
 
 
အဆိုပါစစ်ရုံသစ်ဟာ ၂၀၂၀ နှစ်လယ်ပိုင်းမှာ စတင်လည်ပတ် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယူကရိန်းနဲ့ မြန်မာအာဏာပိုင်များကတော့ အဆိုပါသဘောတူညီချက်အပေါ် အမှတ်ချက်တစ်စုံတစ်ရာ ပေးခြင်း မရှိသော်လည်း ‘Great Export Import’ ကုမ္ပဏီက ထုတ်ပြလိုက်တဲ့ စာရွက်စာတမ်းတွေမှာ စက်ရုံအတွက် လိုအပ်တဲ့ ကနဦးအစိတ်ပိုင်းတွေကို တင်ပို့ထားတယ်လို့ အတည်ပြုထားပါတယ်။
 
Ref: Defence Blog
 


Follow us on