1. Home
  2. Movie Stars - Celebrity

မိုက်ကယ်ဂျက်ဆင်ရဲ့ သရုပ်မှန်ကို ဗွီဒီယိုနှင့်တကွပြောပြလိုက်တဲ့ Wade Robson

Movie Stars - Celebrity มี.ค. 07, 2562 view 2,083

ကမ္ဘာကျော်ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ဟာ ကိုယ်ပိုင်ဆန်းသစ်တီထွင်ထားတဲ့အက ဟန်ပန်၊ ထူးခြားတဲ့သရုပ်ဖော်ပုံတွေကြောင့် အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။ မိုက်ကယ်တီထွင်ခဲ့တဲ့ အကဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားနိုင်တာယနေ့ ထိပါပဲ။ အသားအရောင် အဖြူအမဲမခွဲခြားပဲ ပရဟိတ လုပ်ငန်းတွေမှာ အားတက်သရော လုပ်ဆောင်တတ်တဲ့ ဂျက်ဆင်ဟာ သူ့ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။တစ်ချိန်က ဂျက်ဆင်ဟာသူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Leaving Neverland Documentary မှာ Wade Robson နဲ့ James Safechuck ဆိုတဲ့ ကလေးနှစ်ယောက်ပါဝင်ခဲ့ပါတယ်။

မိုက်ကယ်ရဲ့ Neverland အိမ်ကြီးဟာ သူကိုယ်ပိုင်အဆောက်အဦးဖြစ်ပြီး အတွင်းမှာ ကလေးတွေ ကြိုက်နှစ်သက်လေ့ရှိတဲ့ ကစားကွင်း၊ ပျော်စရာ ရွှင်စရာအစီအစဉ်များ၊ အိမ်အတွင်းမှာလဲ ကလေးတွေ ကြိုက်နှစ်သက်တဲ့ ကစားစရာအရုပ်များနဲ့  ပြင်ဆင်ထားတာဖြစ်ပါတယ်။

Wade Robson ဟာတစ်ချိန်တုန်းက မိုက်ကယ်ဂျက်ဆင်ရဲ့အရေးပေးခြင်းခံရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ မိုက်ကယ်ဟာ Wade ကို သူနှင့်အတူ Neverlands အိမ်ကြီးမှာ လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲ့တုန်းက Wade ကအသက် (၁၀) နှစ်အရွယ်သာရှိပါသေးတယ်။

ယခုမှာတော့ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ Wade Robson ဟာ ထိုအချိန်တုန်းက ကလေးတွေကြားမှာ မိုက်ကယ်ဂျက်ဆင်နား နေရတဲ့သူအဖြစ် ကံကောင်းသူတစ်ဦးဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ Wade တစ်ယောက် မိုက်ကယ်ရဲ့ လူမသိအောင် အဓမ္မကျင့်ခံခဲ့ရတာတော့ဘယ်သူမှ မသိခဲ့ပါဘူး။

Neverland အိမ်ကြီးမှာ မိုက်ကယ်ဂျက်ဆင်နဲ့ Wade တို့နှစ်ယောက်အပြင် အိမ်ဖော်အမျိုးသမီးကြီးတစ်ယောက်လဲနေထိုင်တယ်လို့သိရပါတယ်။ အိမ်ဖော်အမျိုးသမီးကို အင်တာဗျူးကြည့်တဲ့အခါမှာတော့ သူမအနေနဲ့ မိုက်ကယ်က ကလေးတွေအပေါ် မူမမှန်တဲ့အပြုအမူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တာကို တွေ့ရတယ်လို့ ဖြေကြားထားပါတယ်။

Wade တစ်ယောက် Neverland အိမ်ကြီးမှာ နေထိုင်ခဲ့စဉ်အချိန်တုန်းက မိုက်ကယ်က  သူတို့နှစ်ယောက်ကြားမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို လူတွေကို မပြောဖို့ ၊ တကယ်လို့ လူတွေသိသွားရင် သူတို့နှစ်ယောက်လုံးထောင်ထဲမှာ တစ်သက်လုံးအချိန်ကုန်သွားရမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ Wade ရဲ့ မိဘတွေက ဒီအကြောင်းတွေကို သိရှိသွားပြီးမိုက်ကယ့်ကို တရားစွဲဆိုခဲ့ပေမယ့် ပိုက်ဆံပေးပြီး ကျေအေးလိုက်တဲ့အတွက် Wade ဟာ မိုက်ကယ်အနေနဲ့ သူ့အပေါ်ကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမျိုးခြင်းမရှိခဲ့ဘူးလို့ လိမ်ညာထွက်ဆိုခဲ့ရတာဖြစ်ပါတယ်။

Wade အတွက် ဒီအဖြစ်ဆိုးကြီးဟာ ဆယ်ကျော်သက်အရွယ် ငယ်ဘဝရဲ့ အိပ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ပြီး သူ့ဘဝတစ်လျှောက်လုံး အရိပ်မဲကြီးလို သူ့ကိုခြောက်လှန့်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ဒီကိစ္စတွေရဲ့ အဖြစ်မှန်ကို ၂၀၁၉ အစပိုင်းမှာ Wade ကသတင်းမီဒီယာတွေကို ရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။

Wade ဟာ Leaving Neverland ရဲ့အကြောင်းစုံ ပြောပြထားတဲ့ ဗွီဒီယိုကို youtube မှာတင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Wade ဟာကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းမှုပပျောက်ရေး ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။


(ပိုပိုလေး)



Follow us on