
ပလက်စတီ ဆာဂျရီလို့ခေါ်တဲ့ မျက်နှာခွဲစိတ်ခြင်းဆိုတာ တောင်ကိုးရီးယားနိုင်ငံက လူတော်တော်များများ ပြုလုပ်လေ့ရှိတဲ့အချင်းအရာတစ်ခုပါ။ မင်းသား၊ မင်းသမီးတွေမှာလဲ မျက်နှာခွဲစိတ်ပြုပြင်ထားကြောင်း ဝန်ခံထားသူများရှိကြပါတယ်။ ဒီလို ခွဲစိတ်ပြုပြင်သူတွေ များပြားတဲ့ထဲကမှ သဘာဝအတိုင်းလှပပြီး မပြုပြင်ထားသူများလဲ ရှိပါသေးတယ်။
ကိုးရီးယား မီဒီယာတစ်ခုဖြစ်တဲ့ Ilyo Shinmun မှ နာမည်ကြီးပလက်စတစ်ဆာဂျရီဆေးရုံတွေကနေ စစ်တမ်းကောက်ယူခဲ့ပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်ခြင်းမရှိတဲ့ ကိုးရီးယားနာမည်ကျော်မင်းသမီးတွေထဲက မျက်နှာအနေအထား အလှဆုံးလို့ ယူဆရဲ့ မင်းသမီး (၅) ယောက်ကို ဆရာဝန်တွေက ရွေးထုတ်ခဲ့ကြတာပါ။ မျက်နှာခွဲစိတ်ပြုပြင်ဖို့ လာရောက်ကြသူအများစုက ဒီမင်းသမီးတွေရဲ့ မျက်နှာအစိတ်အပိုင်းမျိုးကို နမူနာပြသပြီး ပြင်လေ့ရှိကြတယ်လို့ ပြောကြားထားပါတယ်။ ကဲ…..မျက်နှာအလှဆုံးမင်းသမီး (၅)ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်…….
သရုပ်ဆောင် Kim Hee Sun ,Kim Tae Hee နဲ့ Han Ye Seul တို့ဟာ ၂၀၀၀ ခုနှစ်တွေကတည်းက တောင်ကိုးရီးယားရဲ့ Beauty Icon တွေအဖြစ်တင်စားခံခဲ့ရတာပါ။ သူမတို့ရဲ့ အလှတရားတွေဟာ အသက်ကြီးလာတာတောင် အလှပျက်မသွားပါဘူး။ အရင်ကထက်ပိုပိုလှလာတာပဲ ရှိတာပါနော်။



ဒါပေမဲ့ ၂၀၁၉ မှာ မျက်နှာခွဲစိတ်ဆရာဝန်တွေကို စစ်တမ်းပြန်ကောက်ကြည့်တဲ့အခါမှာတော့ Girls’ Generation အဖွဲ့ဝင်တစ်ယောက်လဲဖြစ်၊ သရုပ်ဆောင်တစ်ဦးလဖြစ်တဲ့ Yoona နဲ့ Red Velvet အဖွဲ့ဝင် Irene တို့ ရဲ့ မျက်နှာကျပုံတွေက အလှဆုံးဖြစ်ကြောင်း အဖြေထွက်ရှိလာပါတယ်။


ပရိတ်သတ်ကြီးရေ တောင်ကိုးရီးယားရဲ့ မျက်နှာအလှဆုံးမင်းသမီး (၅) ယောက်ကို ပရိတ်သတ်ကြီးရော ဘယ်လိုထင်မိလဲ။ ကိုယ့်အသဲ ၊ သူ့အသဲတွေပါရင် like&share လေး လုပ်သွားဖို့လဲ မမေ့နဲ့ဦးနော်။
(popolay)
comment