1. Home
  2. Special or Others

ကိုယ်ဒူးကိုယ်ချွန်ကြိုးစားမှုတွေကြောင့် ကမ္ဘာ ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ Kylie Jenner

Special or Others มี.ค. 11, 2562 view 1,564

Kylie Jenner ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် ကောင်မလေးဟာ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ ့အသက်အငယ်ဆုံး ဘီလျံနာမလေး တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ Kylie Jenner ဟာ အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ၃ နှစ်အတွင်းမှာ Cosmetics ထုတ်ကုန်ရောင်းချမှုမှ ဒေါ်လာ သန်းပေါင်း ၉၀၀ ဖိုးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

သူမဟာ  ကိုယ်အားကိုယ်ကိုးပြီး စီးပွားရေးလောကကို ဝင်ရောက်လာခဲ့ပြီး သူရဲ့ကြိုးစားအားထုတ်မှု တွေကြောင့် ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး အမျိုးသမီးဘီလျံနာ တစ်ဦးဖြစ်လာခဲ့ပါတယ်။ Kylie Jenner ဟာ သူမရဲ့ Comestics ထုတ်ကုန်ကို အမေရိကန်မှာ ရှိတဲ့ စတိုးဆိုင်ပေါင်း ၁၀၀၀ ကျော်လာက်က ဝယ်ယူရောင်းချပေးတဲ့အတွက် သူမရဲ့ထုတ်ကုန်တိုးတက်မှုဟာ တစ်နှစ်အတွင် ၉ % အထိမြင့်တက်ခဲ့ပါတယ်။

 ဒီလို စီးပွားရေးလောကမှာ အောင်မြင်မှု ရအောင်လုပ်နိင်တာဟာ သူမရဲ့အမြင်ကျယ်မှု ၊ ဗျူဟာတွေကြောင့်သာဖြစ်ပါတယ်။ သူမဟာ မီဒီယာတွေအပေါ်ကို အခြေပြုပြီး ထုတ်ကုန်စျေးကွက်မှာ followers သန်း ၁၇၅ ကျော် ရှိလာခဲ့တာပါလို့ ဆိုပါတယ်။ Twitter မှ ၂၈.၆သန်းမှလည်း followers ရရှိခဲ့တယ်။

Forbes မဂ္ဂဇင်းအရ သူမဟာ Facebook တည်ထောင်သူ Mark Zuckerberg ူ ဟာ အသက်၂၃ နှစ်မှာ ဘီလျံနာတစ်ဦးအဖြစ် စံချိန်တင်ခဲ့ပေမဲ့ အခု Kylie Jenner ကတော့ အသက် ၂၁ နဲ့ ဘီလျံနာ တစ်ဦးဖြစ်လာတာကြောင့် Mark Zuckerberg  ရဲ့စံချိန်တောင် ချိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။



Follow us on