1. Home
  2. Movie Stars - Celebrity

The Voice Myanmar Season 2 မှ အသက်(၁၂) နှစ်အရွယ် Drum သမားလေး ဗုံဗုံ

Movie Stars - Celebrity มี.ค. 11, 2562 view 2,399

လက်တလောမှာ The Voice Myanmar Season 2 အဆိုပြိုင်ပွဲကြီးကို MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်။ The voice Myanmar Season 2 မှာ ပါဝင်တီးခတ်တဲ့ Lucky Hand Band ရဲ့ အငယ်ဆုံး Drummer လေးအကြောင်းမိတ်ဆက်ပေးပါရစေ။

သူ့နာမည်လေးကတော့ ဗုံဗုံပါတဲ့။ ၂၀၀၆ ခုနှစ်မှာမွေးပြီး အသက် ၁၂ နှစ်ပဲရှိပါသေးတယ်။ ဗုံဗုံဟာ Lucky Hand Band တည်ထောင်သူ ဂစ်တာသမား ကိုအောင်သူရဲ့ သားပဲဖြစ်ပါတယ်။ ဗုံဗုံဟာ အသက်(၃) နှစ်အရွယ်ကတည်းက Drum ကိုစတင်တီးခတ်ခဲ့တာဖြစ်ပြီး  (၄) နှစ်အရွယ်မှာတော့စတိတ်ပေါ်မှာစတင်တီးခတ်နေပြီ ဖြစ်တယ်လို့ သူ့အဖေကပြောပြထားပါတယ်။

ဗုံဗုံဟာ Drum တီးခတ်ရာမှာအသက်နဲ့မလိုက်အောင် ပါရမီထူးတာကြောင့် လူချစ်လူခင်များသူတစ်ဦးပါ။

အဖေရဲ့ Lucky Hand Band နဲ့အတူ ပွဲတွေအများကြီး တီးခတ်ဖူးတာကြောင့် အဆိုတော်များနဲ့ ခင်မင်ရင်းနှီးသူတစ်ဦးဆိုလဲ မမှားပါဘူး။ The X Factor Myanmar 2016 ရဲ့ Winner ထွန်းနောင်ဆင့်နဲ့လဲ ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာတော့ The voice Myanmar Season 2 မှာ Drummer အဖြစ်ပါဝင်နေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ အသက်အငယ်ဆုံး Drummer လေး ဗုံဗုံရဲ့ လက်စွမ်းတွေကို ခံစားနားဆင်ကြည့်လိုက်ကြပါဦး။ 

(ပိုပိုလေး)



Follow us on