1. Home
  2. Special or Others

ဖေ့စ်ဘွခ် Live လွှင့်နေစဉ် လောင်ချာဗုံး ပေါက်ကွဲကာသေဆုံး (ရုပ်သံ)

Special or Others มี.ค. 12, 2562 view 1,593
ထိုင်းနိုင်ငံ နယ်စပ်တွင် တားမြစ်နယ်မြေအဖြစ်သတ်မှတ်ထားသော ရဲတပ်ရင်း စစ်ရေးလေ့ကျင့်ကွင်းထဲသို့ တောကြက်ဖမ်းရန် ကျူးကျော်ဝင်ရောက်ခဲ့သူအမျိုးသားတစ်ဦး Facebook Live ဗီဒီယိုလွှင့်စဉ် ဗုံးပေါက်ကွဲ သေဆုံးမှုတစ်ခု မတ်လ ၈ ရက် သောကြာနေ့က ဖြစ်ပွားခဲ့သည်။
 
သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ် စက်ရုံလုပ်သား ‘Apisit Kerdlarpphol’ ဆိုသူဖြစ်ပြီး Facebook Live ကို ကြည့်ရှုနေကြသော သူ့သူငယ်ချင်းများက ဖြစ်စဉ်ကို ရဲတပ်ဖွဲ့အား သတင်းပို့အကြောင်းကြားခဲ့ကြခြင်းဖြစ်သည်။
 
ရဲအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် သူ့ရဲ့ ညာဘက်လက်ပြတ်ထွက်ခဲ့ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်တို့မှာလည်း ဗုံးစများ ထိမှန်သေဆုံးခဲ့ပြီး အနီးနားတွင် သူ့ရဲ့မိုဘိုင်းဖုန်းကို တွေ့ခဲ့ရပါတယ်။ အနီးနားမှာ မပေါက်ကွဲသေးတဲ့ M79 အမျိုးအစား လက်ပစ်ဗုံး ၆ လုံးလောက်ကိုလည်း တွေ့ခဲ့ရပါတယ်။
 
သေဆုံးသူ၏ဖခင် ‘Napalai Kerdlarpphol’ အသက် ၆၇ နှစ်၏ ပြောကြားချက်အရ သားဖြစ်သူမှာ အဆိုပါနေ့ နံနက် ၆ နာရီခန့်က သူ့ရဲ့တောကြက်ဖကို ပိုက်ကာ အိမ်က ထွက်သွားခဲ့ကြောင်း သိရှိရသည်။ သူဟာ တောထဲမှာ တောကြက်ဖနဲ့မျှားကာ တောကြက်မတွေကို ထောင်ဖမ်းလေ့ရှိပြီး ထိုနေ့က တားမြစ်နယ်မြေထဲသို့ နယ်ကျွံရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ 
 
အဲဒီနောက် Facebook Live လွှင့်ကာ တောကြက်မ လိုက်ရှာနေကြောင်း ပြောဆိုခဲ့သည် ထိုစဉ် မြေကြီးပေါ်မှာ တွေ့ရတဲ့ သံနဲ့လုပ်ထားတဲ့ ရွေရောင်အရာဝတ္ထု(လောင်ချာလောင်ချာဗုံး) ကို မသိပဲစူးစမ်းလိုစိတ်နဲ့ ကျောက်ခဲနဲ့ ထုနေကြောင်း အဲဒီနောက်မှာတော့ Live လွှင့်တဲ့ ရုပ်သံလည်း ပြတ်တောက်သွားခဲ့တာကို ရုပ်သံမှာ တွေ့ခဲ့ရပါတယ်။
 


Follow us on