1. Home
  2. Football

ဒေသတွင်းအသင်းတွေဟာ ဗီယက်နမ်အသင်းအတွက် ပြိုင်ဘက်မဟုတ်ပါဘူး ဆိုတဲ့ ပက်ဟန်ဆိုး

Football มี.ค. 12, 2562 view 1,502

ဒီဘက်နှစ် နောက်ပိုင်းတွေမှာ ဗီယက်နမ်အသင်းဟာ သိသာထင်ရှားတဲ့ တိုးတက်တဲ့ ခြေစွမ်း တွေကို ပိုင်ဆိုင်ထားပြီး ဒေသတွင်းအသင်းတွေထက် ခေါင်းတစ်လုံးသာနေတဲ့ အနေအထားမှာ ရှိပါတယ်။

ဗီယက်နမ်အသင်းရဲ့ နည်းပြ ပတ်ဟန်ဆိုးက ဗီယက်နမ်လက်ရွေးစင်အသင်းအတွက် ပြိုင်ဘက်တွေဟာ ဒေသတွင်းအသင်းတွေမဟုတ်ပဲ ဂျပန်၊ ကိုရီးယားတို့လို အင်အားကြီးအသင်းတွေသာ ဖြစ်တယ်လို့ သိရပါတယ်။ ပတ်ဟန်ဆိုးက ဗီယက်နမ်အသင်းရဲ့ တိုးတက်မှုတွေက အာရှထိပ်သီးအသင်းတွေကို ကောင်းကောင်း ယှဉ်ပြိုင်ကစားနိုင်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။

 “ လွန်ခဲ့တဲ့ကာလတွေမှာ ကျွန်တော်တို့ ထိုင်းအသင်းနဲ့ မကြာခဏရင်ဆိုင်ခဲ့ရပါတယ်၊ ဗီယက်နမ်ကစားသမားတွေက စိတ်ဓာတ်ပိုင်းအရ ကြောက်ရွံ့နေခဲ့ကြပါတယ်၊ ဒီအတွက် အသင်းနှစ်သင်းကြားမှာ အဆင့်အတန်းကွာဟသွားခဲ့ပြီးတော့ နိုင်ပွဲထက် ရှုံးပွဲက ပိုများခဲ့တာပါ၊

ဒီအတွက်အကျိုးဆက်က ကစားပုံဆိုးရွားခဲ့ပြီးတော့ ရလဒ်တွေပါ ဆိုးနေခဲ့ပါတယ်၊ ထိုင်းအသင်းကို နိမ့်ချပြောဆိုခြင်း မဟုတ်ပါဘူး ၊ ကျွန်တော်တို့ရဲ ရည်မှန်းချက်ကိုက အာရှအသင်းတွေနဲ့ ယှဉ်ကစားနိုင်တဲ့ အသင်းဖြစ်အောင်တည်ဆောက်နေတာဖြစ်ပါတယ်”ဒါပေမယ့် အခုတော့ ကျွန်တော့်အသင်းမှာ ဒီလိုစိတ်ခံစားမှုမျိုးတွေ မရှိတော့ပါဘူး” လို့ ပတ်ဟန်ဆိုးက ပြောခဲ့ပါတယ်။

 ဗီယက်နမ်အသင်းဟာ ဒီဘက်နှစ်ကာလတွေမှာ ရွှေရောင်မျိုးဆက်အစုအဖွဲ့နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ၂၀၁၈ ဆူဇူကီးဖလားကိုဆွတ်ခူးနိုင်ခဲ့ကာ အာရှဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီအတွက် ပက်ဟန်ဆိုးက သူရဲ့အသင်းက အာရှထိပ်သီးအသင်းတွေကို ရင်ဘောင်တန်းကစားနိုင်ပြီး အသင်းကို ဒီထက်ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ ဆက်တိုက်ပြုလုပ်သွားမယ် လို့ဆိုပါတယ်။



Follow us on