1. Home
  2. Woman To Woman

Mayonnaise Skin Care

Woman To Woman ส.ค. 19, 2558 view 1,628

Mayonnaise (မယိုးနစ်(စ်)) ဆိုတာကတော့ ဘာဂါထဲမှာဖြစ်ဖြစ်၊ အရွက် saladမှာဖြစ်ဖြစ် စားနေကျ အရာတစ်မျိုးပဲဖြစ်ပါတယ်။ စားလို့လည်းအရသာရှိသလို အလှအပအတွက်လည်း အသုံးဝင်တဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပါ။

Mayonnaise ကို ဆံပင်သား ကျန်းမာဖို့အတွက်အသုံးပြုနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ ဦးရေနဲ့ ဆံပင်ပေါ်မှာ Mayonnaise ကိုသုတ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားပါ။ ပြီးနောက်ပုံမှန်ခေါင်းလျှော်နေကျအ တိုင်း ခေါင်းလျှော်ပါ။ ယခုလိုပြုလုပ်ပေးခြင်းဖြင့် ဦးရေပြားနဲ့ ဆံသားတွေကို ကျန်းမာစေပါတယ်။

မျက်နှာအသားအရေကြည်လင်အောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ ညအိပ်ယာမ၀င်ခင် Mayonnaiseအနည်းငယ်ကို မျက်နှာပေါင်းတင်သလိုသုတ်လိမ်းပြီး မိနစ် ၂၀ခန့်ထားပါ။ ပြီးနောက် ရေအေးနှင့် မျက်နှာကိုဆေးပါ။ ရက်အနည်းငယ်ပုံမှန်ပေါင်းတင်ပေးပါက အသားအရေကြည်လင်မှုကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်။

လက်ချောင်းများလှပဖို့အတွက် Hand cream အဖြစ်လည်း Mayonnaise ကိုအသုံးပြုလို့ရပါတယ်။ Mayonnaise ကို ပုံမှန် Hand cream လိမ်းသလို အရေပြားထဲ စိမ့်ဝင်အောင် ၅မိနစ်ခန့် ဆုပ်နယ်ပြီး လိမ်းပေးပါ။

 

 

 



Follow us on