1. Home
  2. Movie Stars - Celebrity

အသက်(၄၀) ပြည့်မွေးနေ့ပွဲ ကျင်းပတော့မည့် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်

Movie Stars - Celebrity มี.ค. 14, 2562 view 2,053

ဆယ်စုနှစ် ၂ ခုလုံးမှာအောင်မြင်ကျော်ကြားလာတဲ့ အဆိုတော်ကို ပြပါဆိုလျှင်စိုင်းစိုင်းခမ်းလှိုင်ကိုပြရမှာပါပဲ။ စိုင်းစိုင်းဟာ အဆိုတော်၊ သရုပ်ဆောင် အဖြစ် ဆယ်စုနှစ် ၂ ခုလုံးမှာ ပရိတ်သတ်ကိုလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုတော်၊ သရုပ်ဆောင်ဆိုတာအပြင် Sai Cosmetics ရဲ့ မန်နေးဂျင်းဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေတယ်ဆိုရင်လဲမမှားပါဘူး။

စိုင်းစိုင်းခမ်းလှိုင်ဟာ မွေးနေ့ဖြစ်တဲ့ ဧပြီ လ၊ ၁၀ရက်နေ့၊ ၂၀၀၃ ခုနှစ်ကစတင်ပြီး Birthday Show တွေကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်မှာပြုလုပ်မယ့် Sai Sai Birthday Show ကတော့ ၁၅ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ဒီနှစ်မှာ စိုင်းစိုင်းမွေးနေ့က ပိတ်ရက်မဟုတ်ပဲ ဗုဒ္ဓဟူးနေ့ ဖြစ်တာကြောင့် ရှိုးပွဲလာမည့်သူများ ကြိုတင်ပြင်ဆင်ထားကြဖို့ စိုင်းစိုင်းက အသိပေးထားပါတယ်။

တက္ကသိုလ်ပေါင်းစုံမှ စာမေးပွဲဖြေမည့် ကျောင်းသား၊ ကျောင်းသူတွေကို ရှိုးပွဲလက်မှတ်မရမှာမျိုး စိတ်ပူစရာမလိုအောင် စာမေးပွဲပြီးမှရောင်းမယ်လို့ စိုင်းစိုင်းက အသိပေးပြောကြားထားပါတယ်။

ရှိုးပွဲနဲ့ ပတ်သတ်သည့်အစီအစဉ်များ၊ လက်ဆောင်ပေးမည့် အစီအစဉ်များကို Sai Sai Kham Leng Page ကနေ အသေးစိတ်ပြောကြားသွားမယ်လို့ သိရပါတယ်။

(ပိုပိုလေး)



Follow us on