1. Home
  2. Special or Others

တောင်ကိုးရီးယား လိင်အကြမ်းမှုတွေဖြစ်ပွားရာ Burning Sun Club အကြောင်းစုံစမ်းတဲ့ သတင်းထောက်ပျောက်ဆုံးနေ

Special or Others มี.ค. 15, 2562 view 1,720

တောင်ကိုးရီးယားနိုင်ငံ၊ ဂန်းနမ်အရပ်မှာရှိတဲ့ Burning Sun အမည်ရှိ Club တစ်ခုဟာ အမျိုးသမီးငယ်များကို လိင်အကြမ်းမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသုံးစွဲမှုတို့နဲ့ စုံစမ်းစစ်ဆေး ခံနေရတာဖြစ်ပါတယ်။ သို့ပေမဲ့ စုံစမ်းစစ်ဆေးနေစဉ်အတောအတွင်း အဆိုပါ Club ဟာ ဖြိုချခြင်းခံခဲ့ရပါတယ်။

သက်သေ ပစ္စည်းတွေပျောက်ဆုံးမှာစိုးလို့ ရဲများအချိန်မီရောက်လာခဲ့ပေမယ့် မတားလိုက်နိုင်ပါဘူး။ ဒီအမှုကို စုံစမ်းထောက်လှမ်းနေတဲ့ သတင်းထောက်ကတော့ Oh Hyuk Jin ဖြစ်ပါတယ်။ Oh ဟာ Club နဲ့ပတ်သတ်ပြီးတူးဖော်တဲ့အခါမှာတော့ တူးဖော်လေလေ ပိုညစ်ပတ်လေလေလို့ပြောခဲ့ပါတယ်။ သူပြောချင်တာကတော့ ရဲတွေရဲ့ အကျင့်ပျက်မှုနဲ့ ငွေမဲသူဋ္ဌေးတွေရဲ့ လာဘ်ထိုးမှုတွေကို ရွံရှာမိတယ်လို့ပြောချင်တာပါ။

ထူးဆန်းစွာပဲ Oh Hyuk Jin နဲ့အတူ ဒီအမှုကို တူးဖော်နေတဲ့ သတင်းထောက် Noh Seung Il ရဲ့အိမ်ဟာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ Burning Sun အကြောင်းစုံစမ်းတဲ့ သတင်းထောက်မှန်သမျှ အန္တရာယ်ပေးခံရမယ့်သဘောပါပဲ။ Noh Seung Il ရဲ့ အိမ်မီးလောင်ပြီး လက်ရှိမှာ သတင်းထောက် Oh Hyuk Jin တစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာကိုလူထုက သတိထားမိလာပါတယ်။

Oh Hyuk Jin ဟာအရင်နေ့တွေက ကိုယ်ပိုင် instagram acc မှာ ပုံတွေတင်နေခဲ့ပေမယ့် အခုရက်ပိုင်းအတွင်းမှာ acc ကို private လုပ်ထားပြီး ပျောက်ခြင်းမလှပျောက်နေခဲ့ပါတယ်။ Oh Hyuk Jin ရဲ့အမေဖြစ်သူကိုလဲ သူဋ္ဌေးများက လူမိုက်ငှားပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီ Club အမှုဟာ ပိုမိုဆိုးဝါးလာပြီး အစိုးရအဖွဲ့အစည်းက ရာထူးကြီးပုဂ္ဂိုလ်တွေပါဝင်ပတ်သတ်နေတာကြောင့် တူးဖော်တဲ့ သတင်းထောက်တွေအတွက် အန္တရာယ်သိပ်များပါတယ်။ 
 
အမှန်တရားအတွက်ဆိုပြီး  ဆက်လက်တူးဖော်နေပေမယ့် အသက်အန္တရာယ်ရှိလာခဲ့အခါ Oh Hyuk Jin တစ်ယောက် ဘာလုပ်နေမလဲ၊ ဘယ်ရောက်သွားလဲဆိုတာ လူထုကစိတ်ပူနေကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ ဒရာမာဇာတ်လမ်းတွဲတွေမှာပဲ ရှိတယ်လို့ ထင်မှတ်ခဲ့တာ  လက်တွေ့ဘဝမှာလဲ  မတရားမှု၊ ရက်စက်မှုတွေ အမှန်တကယ်ရှိနေခဲ့ပါတယ်။
 
(ပိုပိုလေး)


Follow us on