1. Home
  2. Football

ဘာစီလိုနာ နဲ့မန်စီးတီး တွေ့ ဆုံမဲ့ ပွဲ အပါအဝင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ ပေါက်ကြားမှုဖြစ်ပွား

Football มี.ค. 15, 2562 view 1,475

Twitter ပေါ်တွင် ယူအီးအက်ဖ်အေဒါရိုက်တာတစ်ဦးကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ မတော်တဆပေါက်ကြားမှုဖြစ်ပွားသွားခဲ့တယ်လို့သိရပါတယ်။ ယူအီးအက်ဖ်အေဒါရိုက်တာတစ်ဦးက Twitter ပေါ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များပါဝင်နေသည့် စာရွက်တစ်စောင်ကို မတော်တဆ တင်လိုက်မိရာမှ ပေါက်ကြားသွားခဲ့ခြင်းတယ်လို့ ဆိုပါတယ်။

သူက သူ၏ ပို့စ်ကို ချက်ချင်းဆိုသလို စက္ကန့်ပိုင်းအတွင်း ပြန်ဖျက်သွားခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း လူအများစိတ်ဝင်တစားရှိခဲ့ပြီး အကြီးအကျယ်လှုပ်ခတ်သွားခဲ့ပါတယ်။ ပို့စ်တွင်တင်ထားသည့် စာရွက်ပေါ်တွင်

မန်ယူ နဲ့ စပါး

ဘာစီလိုနာ နဲ့မန်စီးတီး၊

ဂျူဗင်တပ် နဲ့ ပေါ်တို၊

လီဗာပူးလ် နဲ့ အေဂျက် တို့ပါဝင်ပါတယ်။

အဆိုပါစာရွက်တွင် ချန်ပီယံလိဂ်လိုဂိုကိုအသုံးပြုထားပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှု ဆိုသည့်ခေါင်းစဉ်နှင့်တကွထွက်ပေါ်ခဲ့မှုကြောင့် အမှန်အမှားဆိုသည်ကို တိတိကျကျခွဲခြားရန်ခက်ခဲနေတယ်လို့ သိရပါတယ်။

ယခုလိုပေါက်ကြားခဲ့မှုကြောင့်ယူအီးအက်ဖ်အေတွင် ကြိုတင်ကြံစည်မှုများရှိနေသည် ဆိုသည့် ဝေဖန်မှုများလည်းထွက်ပေါ်ခဲ့ပါတယ်။လူအများက လုပ်ပွဲများဖန်တီးနေသည်ဟု ထင်မြင်ယူဆခဲ့ကြသလို၊ တချို့မှာလည်း ယူအီးအက်ဖ်အေအနေဖြင့် ကြေညာချက်စာမူကို အကြမ်းထုတ်ထားသည့် စာရွက်ဖြစ်နိုင်ကြောင်း ယူဆနေကြပါတယ်။

 

 



Follow us on