1. Home
  2. Movie Stars - Celebrity

Daehan, Minguk, Manse တို့ရဲ့လသားပုံလေးတွေတင်ပြီး သတိရကြောင်းပြောလိုက်တဲ့ ဂျူမုံ

Movie Stars - Celebrity มี.ค. 15, 2562 view 1,924

Daehan, Minguk , Manse ဆိုပြီး ချစ်စရာကောင်းတဲ့ ကလေးသုံးယောက်ကို ပရိတ်သတ်ကြီးမှတ်မိဦးမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဂျူမုံလို့ လူသိများတဲ့ မင်းသား ဆောင်အီဂွတ်ရဲ့ သားသုံးယောက်ဟာ KBS ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ “Return of Superman ” အစီအစဉ်မှာ လူသိများလာခဲ့တာဖြစ်ပါတယ်။

ဂျူမုံနဲ့ အမွှာသုံးယောက်တို့ဟာ ၂၀၁၄ မှာ အစီအစဉ်မှာစတင်ပါဝင်ခဲ့ပြီး ၂၀၁၆ မှာတော့ နှုတ်ထွက်ခဲ့ကြပါတယ်။ အမွှာတို့ ကျောင်းတက်ရမယ့် အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ကျောင်းစာကိုပဲ အာရုံစိုက်စေချင်လို့ “Return of Superman” မှထွက်ခဲ့တာဖြစ်တယ်လို့ ဂျူမုံက ပြောကြားထားပါတယ်။

2017 မှာတော့ “Return of Superman Special Episode ” အဖြစ်ပြန်လည်ပါဝင်ခဲ့ပေမယ့် ခဏတာပါပဲ။ ဂျူမုံဟာ သားတွေရဲ့ ပညာရေးကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ဒီနှစ်ပိုင်းတွေမှာ ကလေးတွေကို ရိုက်ကူးရေးတွေမပြုလုပ်စေခဲ့ပါဘူး။ ကြော်ငြာအချို့သာ လက်ခံရိုက်ကူးပြီး အမွှာတို့ပုံကို instagram မှာပဲ မကြာခဏတင်ပေးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဂျူမုံဟာ ညီမဖြစ်သူရဲ့ ဖုန်းထဲမှ အမွှာသုံးယောက်ရဲ့ လသားအရွယ် ဓာတ်ပုံတွေကိုရှာတွေ့ခဲ့တယ်ဆိုပြီး တင်ခဲ့ပါတယ်။ ပုံလေးတွေဟာအမွှာတို့ Superman မှာပါဝင်စ အချိန်တုန်းက ပုံလေးတွေပါ။

ဂျူမုံဟာ အမွှာတို့နဲ့ Superman ရိုက်ကူးခဲ့ရတဲ့အချိန်တွေကို တမ်းတမိနေပုံပါပဲ။ ဂျူမုံဟာ ပုံတင်တာတွေ ဘာတွေ များများစားစားသိပ်မရှိပါဘူး။ ပရိတ်သတ်ကြီးလဲ ဂျူမုံနဲ့ အမွှာသုံးယောက်ကို လွမ်းနေလိမ့်မယ်ထင်ပါတယ်။

(ပိုပိုလေး)



Follow us on