1. Home
  2. Football

အသက်ကြီးပေမဲ့ ခြေစွမ်းမကျသေးဘဲ DC ယူနိုက်တက်အတွက် ဟက်ထရစ် သွင်းယူပေးခဲ့တဲ့ ရွန်းနီ

Football มี.ค. 18, 2562 view 1,489

မေဂျာလိဂ်ကလပ် DC ယူနိုက်တက်မှာ ကစားနေတဲ့ ဝိန်းရွန်းနီ ဟာ အမေရိက မြေမှာ ပထမဆုံး ဟက်ထရစ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ DC ယူနိုက်တက်အသင်းဟာ ရီရဲဆော့လိဒ် အသင်းကို ၅-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး ရွန်းနီက ၃၄ ၊ ၄၁ ၊ ၆၅ မိနစ်တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် နဲ့ အဲဗာတန် အသင်းတွေမှာ ကျင်လည်ခဲ့တဲ့ ရွန်းနီဟာ ၂၀၁၈ ဇွန်လမှာ အဲဗာတန်အသင်းကနေ DC ယူနိုက်တက်အသင်းကို ပြောင်းရွေ့ ခဲ့တာပဲဖြစ်ပါတယ်။အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရွန်းနီဟာ အသက်ကြီးပေမဲ့ ခြေစွမ်းကျမသွားသေးဘဲ DC ယူနိုက်တက်အတွက် သွင်းဂိုး ၁၂ ဂိုးနဲ့ ၇ ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

 



Follow us on