1. Home
  2. Special or Others

ပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့် ဂျပန်မှာနာမည်ကြီးနေတဲ ့မြန်မာဘောလီဘောလက်ရွေးစင် အောင်သူ

Special or Others มี.ค. 18, 2562 view 2,436

ဂျပန်ဘော်လီဘော Toray arrows ကလပ်မှာ ကစားနေတဲ့ မြန်မာဘောလီဘောလက်ရွေးစင်အောင်သူဟာ သူရဲ့အားပါပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့် နာမည်ကြီးနေပါတယ်။Outside hitter နေရာမှာဆော့ကစားတဲ့ အောင်သူဟာ လက်ရှိဂျပန်ဘောလီဘောကလပ်ရဲ့ အကောင်းဆုံး Spiker တစ်ယောက်အဖြစ် သတ်မှတ်ခံနေရပြီး သူ့ရဲ့ရိုက်ချက်တွေဟာ ပြိုင်ဘက်ကစားသမားများ လိုက်လံဆယ်ယူဖိုိ့ ခက်ခဲကာ ဘုရားပေးတဲ့လက်လို့တောင်ချီကျူးခံနေရပါတယ်။

သူဟာ ရှမ်းတိုင်းရင်းသား တစ်ဦးဖြစ်ပြီး ဇာတိက တောင်ကြီးမြို့မှာ မွေးဖွားတာဖြစ်ပါတယ်။အသက် ၂၅ နှစ်အရွယ်အောင်သူ ဟာ ငယ်စဉ်က ဘောလီဘောအားကစားကို ဝါသနာပါခဲ့ပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ မြန့်မာလက်ရွေးစင် အာကစားသမားဖြစ်ခဲ့ပါတယ်။သူရဲ ့အရပ်ဟာ ၆ပေ ၃ လက်မခန့်ရှိပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာလည်း အချိုးကျတဲ့ ခန္ဓာကိုယ် ကိုပိုင်ဆိုင်ထားပါတယ်။
 
အောင်သူကို မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၀ အာရှအဆင့်ပြိုင်ပွဲနဲ့ ၂၀၁၄ အာရှပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုရရှိခဲ့ခြင်း မရှိတာကြောင့် ပရိသတ်များ သတိထားမိခြင်း မရှိခဲ့ပါဘူး။ဒါပေမဲ့ မြန်မာ့လက်ရွေးစင်အတွက် ပထမဆုံးအောင်မြင်မှုအဖြစ် ၂၀၁၅ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အောင်သူဟာ အသက်၁၉နှစ်အရွယ်မှာပဲ ထိုင်းပြည်တွင်းကလပ် ချောင်ဘူရီ ဘောလီဘောအသင်းမှာ ပထမဦးဆုံး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်နိုင်ခဲ့သူဖြစ်ပြီး ချောင်ဘူရီမှာ သုံးနှစ်ကြာ ကစားခဲ့ပြီးနောက် နောက်ထပ် ထိုင်းကလပ်တစ်ခုဖြစ်တဲ့ နက်ခွန်းရက်ချာစီမာ အသင်းကို ၂၀၁၅ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ်။နက်ခွန်းရက်ချာစီမာ အသင်းမှာလည်း သုံးနှစ်ကြာထပ်မံကစားခဲ့ပြီး ၂၀၁၈မှာတော့ ဂျပန်လိဂ်အသင်းဖြစ်တဲ့ Toray arrows အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အောင်သူဟာ ဂျပန်လိဂ်မှာ အကောင်းဆုံး လက်စွမ်းပြနေခဲ့ပြီး မြန်မာနိုင်ငံက ပရိသတ်များသာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်များပါ သတိထားမိလာကြတာ ဖြစ်ပါတယ်။
 


Follow us on