ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အင်္ဂလိပ် ရေလက်ကြား မှာ ပျက်ကျကာသေဆုံးခဲ့တဲ့ ကာဒစ်တိုက်စစ်မှူး အီမီလီယာနို ဆာလာ ရဲ့သတင်းက မပြီးသတ်သေးသေးဘဲ နှစ်ဖက်အသင်းကြား ပြောင်းရွေ့ ကြေး ပြသာနာက ဆက်လက်ဖြစ်ပွားနေလျှက်ရှိပါတယ်။ ကာဒစ်စီးတီးအသင်းဖက်က ပြောင်းရွေ့ ကြေးပေးချေဖို့ ပျက်ကွက်ခဲ့တာကြောင့် ကျန်ရစ်သူ နဲ့ ဆာလာရဲ့  မိခင်က “တရားမျှတမှု”ကို တောင်းဆိုလိုက်ပါတယ်။
‘ဆာလာ’ ၏ မိခင် ‘မာစီးဒက်စ် တက်ဖရဘ်လ်’ က ကာဒစ်စီတီးအသင်းဟာ သားဖြစ်သူ ‘ဆာလာ’ အပေါ် အလေးမထားသလို အပြုအမူမျိုး လုပ်နေသည့်အတွက် သူမအနေနဲ့ အရမ်းဒေါသထွက်နေပြီး သူမသေခင် ရက်ပိုင်းအတွင်းက သဘောတူညီထားခဲ့တဲ့ ပြောင်းရွေ့ ကြေး ပေါင် ၁၅ သန်းကို နန့်တက်အသင်းကို ပေးချေစေလိုတာဖြစ်ပါတယ်။ ကာဒစ်အသင်းဟာ ကနဦးပေးချေငွေ ယူရို ၆ သန်းတောင် နန့်တက်အသင်းထံ ပေးချေထားခြင်းမရှိသေးဘူးလို့သိရပါတယ်။
ကာဒစ်ဖ်အသင်းက ဆာလာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ မှ ပြင်သစ်ကလပ် နန့်စ်အသင်းထံမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း (ယူရို ၁၇ သန်း) ဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဆာလာရဲ့ ပြောင်းရွေ့ ကြေးကို အသင်းဟောင်း ဖြစ်တဲ့ ဘောဒိုးအသင်းကလည်း ၅၀% ခံစားခွင့်ရှိပါတယ်။
အသက် ၂၈ နှစ်အရွယ် အာဂျင်တီနားသား အီမီလီယာနို ဆာလာဟာ ပြင်သစ်လီဂူးရာသီဝက်မှာတင် နန့်တက်အသင်းအတွက် ၁၉ ပွဲကစားထားပြီး ၁၂ ဂိုးသွင်းယူထားခဲ့ပါတယ်။ ဒါကြောင့် ကာဒစ်အသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး ကာဒစ်အသင်းသမိုင်းမှာ ပြောင်းရွေ့ ကြေး အမြင့်မားဆုံး ခေါ်ယူမှုအဖြစ် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။