1. Home
  2. Movie Stars - Celebrity

အကယ်ဒမီ ဆန်ကာတင်မှာ (၆) ကားတိတိပါဝင်တဲ့ဖွေးဖွေး

Movie Stars - Celebrity มี.ค. 22, 2562 view 2,009

ဖွေးဆိုတာနဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးဆိုတာ အထူးတလည်ပြောပြနေစရာလိုမယ်မထင်ပါဘူး။ပရိသတ်တွေ သဲသဲလှုပ်အားပေးကြတဲ့ ပြည်သူချစ်တဲ့ မင်းသမီး ဖွေးစိန်လေးဟာ လက်ပံ၊ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားတို့နဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ဆွတ်ခူးရရှိထားသူတစ်ဦးပါ။

ဖွေး အကယ်ဒမီရထားတဲ့ဇာတ်ကား ၂ကားရဲ့ ဒါရိုက်တာကတော့ သူမရဲ့ ဆရာ ဒါရိုက်တာဝိုင်းပဲဖြစ်ပါတယ်။ ဖွေးစိန်လေးဟာ ဆရာသမားကိုလဲ သိတတ်တဲ့ သူလေးပါ။

ဖွေးဖွေးကို ချစ်တဲ့ပရိတ်သတ်ကြီးကတော့ ပျော်နေမှာပါပဲ။ ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးရဲ့ စကားတင် (၂၅) ကားထဲမှာ ဖွေးဖွေးပါဝင်တဲ့ကား (၆) ကားတိတိ ပါဝင်နေတာဖြစ်ပါတယ်။ ဒီနှစ်က ဖွေးရဲ့ နှစ်လို့ ပြောရမှာပါပဲ။

အကယ်ဒမီ စကားတင်ပါဝင်တဲ့ ဖွေးဖွေးရဲ့ ဇာတ်ကား (၆) ကားကတော့ မုန်းစွဲ၊ ရွှေကြာ၊ သမ္မကြီးထံပေးစာ၊ သတို့သမီး၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ငါ့ကိုနမ်းတဲ့မုန်တိုင်း တို့ပဲဖြစ်ပါတယ်။

ဒီနှစ်ဟာပြောရမယ်ဆိုရင် ဖွေးတစ်ယောက် အကယ်ဒမီ တစ်ဆုထက်ပိုပြီး ရနိုင်တဲ့အနေအထားပါနော်။ စကားတင်ထဲပါဝင်တဲ့ (၆) ကားလုံးက နာမည်ကြီး ဒိတ်ဒိတ်ကျဲကားတွေမဟုတ်ပါလား။ ပရိတ်သတ်ကြီးရော ဖွေးဖွေးတစ်ယောက် ဘယ်ကားနဲ့ ရမယ်လို့ ယူဆမိပါသလဲ မှတ်ချက်လေးတွေရေးသွားကြပါဦး။

 

(ပိုပိုလေး)



Follow us on