1. Home
  2. Movie Stars - Celebrity

ခေတ်ဟောင်းက သင်္ကြန်အငွေ့အသက်ပုံရိပ်တွေ လွှမ်းခြုံနေတဲ့ ကျော်ထက်အောင်ရဲ့ သင်္ကြန်သီချင်း

Movie Stars - Celebrity มี.ค. 22, 2562 view 1,902

အရပ်အမောင်းကောင်းကောင်း၊ ယောကျာ်းပီသတဲ့ တည်ကြည်ခန့်ညားတဲ့ရုပ်သွင်တို့အပြင် ကြည်လင်ပြတ်သားပြီး အသံသြဇာနဲ့ပြည့်စုံတဲ့ ကျော်ထက်အောင်ကတော့ မြန်မာအိုင်ဒေါမှာ အစီအစဉ်တင်ဆက်ရင်း ပရိသတ်ရဲ့အားပေးမှုတွေကို ရရှိလာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးပရိသတ်တွေရဲ့ အသဲနှလုံးကို အပိုင်သိမ်းနိုင်ခဲ့တဲ့ ကျော်ထက်အောင်ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိသူဖြစ်တာကြောင့် ယခုဆိုရင်ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေပြီဖြစ်ပါတယ်။

ကျော်ထက်အောင်ကတော့ အနုပညာနဲ့ပတ်သက်ရင် အရာရာမှာမခေသူဖြစ်ကြောင်းကို ပြသလိုက်ပါတယ်။ အဲ့တာကတော့ အတာကူးတဲ့သင်္ကြန်ကာလရောက်ပြီမို့ သင်္ကြန်သီချင်းလေးတစ်ပုဒ်ကို သူ့ရဲ့ကြည်လင်ပြတ်သားတဲ့ အသံနေအသံထားနဲ့ သီဆိုကာ ပရိသတ်တွေကို မျှဝေလိုက်တာဖြစ်ပါတယ်။ ငြိမ့်ညောင်းလှတဲ့စည်းချက်တွေနဲ့ သြဇာပြည့်ဝတဲ့ ကွီးကျော်ထက်အောင်ရဲ့ အသံတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သီချင်းလေးကသာယာနာပျော်ဖွယ်အတိဖြစ်နေကာ နားဆင်သူတိုင်းက ကျော်ထက်အောင်ရဲ့သင်္ကြန်သီချင်းလေးကို နှစ်သက်သဘောကျနေတာလည်းဖြစ်ပါတယ်။

တန်ခူးလေပြေ ဆိုတဲ့သင်္ကြန်သီချင်းလေးကို အဆိုတော်နီနီခင်ဇော်နဲ့အတူ တွဲဖက်ရိုက်ကူးထားပြီး လူတိုင်းကြိုက်နှစ်သက်ပြီးဖြစ်တဲ့ သင်္ကြန်မိုးရုပ်ရှင်ကားကြီးထဲက ဇတ်ဝင်ခန်းလေးတွေအတိုင်း မှီငြမ်းရိုက်ကူးထားတာကြောင့် သီချင်းဗီဒီယိုလေးကလည်း သင်္ကြန်ရုပ်ရှင်ကားတစ်ခုကို ကြည့်ရသဖွယ်ဖြစ်လို့နေပါတယ်။ သီချင်းလေးနဲ့ ဗီဒီယိုလေးက လိုက်ဖက်ညီကာ ခေတ်ဟောင်းသင်္ကြန်ရဲ့ အငွေ့အသက်ပုံရိပ်တွေလွှမ်းခြုံနေတာကြောင့် ကျော်ထက်အောင်ရဲ့သင်္ကြန်သီချင်းက လူကြိုက်များနေတာပဲဖြစ်ပါတယ်။

ခေတ်ဟောင်းသင်္ကြန်ရဲ့အနှစ်သာရတွေပြည့်ဝနေတဲ့ ကျော်ထက်အောင်ရဲ့ “တန်ခူးလေပြေ” သင်္ကြန်သီချင်းလေးကို နားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

(ပိုပိုလေး)

 



Follow us on