1. Home
  2. Good Morning Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူစည်ကားရာနေရာမှာ နောက်ဆက်တွဲဗုံးတစ်လုံးထပ်မံပေါက်ကွဲမှုဖြစ်

Good Morning Myanmar ส.ค. 20, 2558 view 1,583

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ လူစည်ကားရာနေရာမှာဗုံး ပေါက်ကွဲခဲ့ပြီး လူပေါင်း(၂၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း(၁၀၀) ကျော် ဒဏ်ရာရရှိခဲ့သလို မနေ့ကနေ့လည်ပိုင်းမှာလည်း နောက်ဆက်တွဲ ဗုံးတစ်လုံးလည်း ထပ်မံပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ထိုင်းအစိုးရအနေနဲ့ ပြည်နယ်အတွင်း ဒေသတစ်ချို့ကို အန္တရာယ်ဖြစ်ပေါ်ရန်စိုးရိမ်ဖွယ် ပစ်မှတ်ထားဆောင်ရွက်နိုင်တဲ့ နေရာများလို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီဒေသတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနေနဲ့ ရှောင်ကွင်းသွားလာနိုင်ရန် မြန်မာသံရုံးကသတိပေးထိုင်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ သြဂုတ်လ(၁၇)ရက်နေ့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သေဆုံးမှုတွေများခဲ့တယ်။ မနေ့ကလည်း ဆိပ်ကမ်းတစ်ခုမှာ ဖြစ်ခဲ့တယ်။ ဒါပေမယ့်ကံကောင်းတာက အဲ့ဗုံးက ရေထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး လူတွေထိခိုက် သေဆုံးမှုတွေတော့မရှိခဲ့ဘူး။ သြဂုတ်လ(၁၇)ရက်နေ့က ဗုံးပေါက်ကွဲမှုမှာ သံသယရှိတဲ့ သူတစ်ဦးကို စီစီတီဗွီမှတ်တမ်းတွေအရ တွေ့ရှိရတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ရှာဖွေနေတယ် ဆိုပြီးလည်းသိထားရပါတယ်။



Follow us on