1. Home
  2. Movie Stars - Celebrity

အကယ်ဒမီရုပ်ရှင်ဆုပေးပွဲအခမ်းအနားမှာ အမှိုက်မချခဲ့ကြောင်းသက်သေနှင့်တကွရှင်းပြလိုက်တဲ့ ရဲရင့်အောင်

Movie Stars - Celebrity มี.ค. 25, 2562 view 2,038

သရုပ်ဆောင်အဆိုတော် ရဲရင့်အောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၈ အကယ်ဒမီရုပ်ရှင်ဆုပေးပွဲအခမ်းအနားကို ချစ်သူ မော်ဒယ်၊ သရုပ်ဆောင် ဧငြိမ်းဖြူနဲ့အတူတက်ရောက်ခဲ့ပါတယ်။ ရဲရင့်အောင် ဟာ ဖွေးဖွေး၊ လွှမ်းပိုင်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဇာတ်ကားနဲ့ အကယ်ဒမီ ဆန်ကာတင်စာရင်းထဲပါဝင်နေခဲ့တာပါ။

အကယ်ဒမီ ဆုပေးပွဲအခမ်းအနားအပြီး ပွဲကျင်းပပြုလုပ်ရာ The one Entertainment Park အတွင်း အနုပညာရှင်တွေက အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ ပုံများတက်လာပါတယ်။ ဒီပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တဲ့အခါမှာတော့ ပရိတ်သတ်အများက အနုပညာရှင်တွေရဲ့ စည်းကမ်းမဲ့မှုကို ရှုံ့ ချခဲ့ကြပါတယ်။

အကယ်ဒမီ ဆုပေးပွဲကျင်းပတဲ့အချိန်အခါလောက် ဧငြိမ်းဖြူဟာ ရဲရင့်အောင် ရေခဲမုန့် စားနေတဲ့ပုံကို သူမရဲ့ My Story မှာတင်ခဲ့ပါတယ်။ ဒါကို ပရိတ်သတ်များက ဟာသ အမြင်နဲ့ “အမှိုက်တွေချသွားတာသူလား” ဆိုပြီး ရဲရင့်အောင်မုန့်စားနေတဲ့ ပုံနှင့်တကွ စနောက်ခဲ့ပါတယ်။

ဒါကို ရဲရင့်အောင်က သူအမှိုက်ချခဲ့တာမဟုတ်ကြောင်း မယုံရင် ချစ်သူကောင်မလေးကို မေးကြည့်ပါဆိုပြီး ပြန်လည်ဖြေရှင်းထားပါတယ်။ ရဲရင့်အောင် ပြန်လည်ဖြေရှင်းထားတာကတော့ “မဟုတ်ပါဘူးနော်၊ စားပြီးသမျှအကုန်လုံးကို အိတ်အနီလေးနဲ့ သေချာစုပြီးသိမ်းခဲ့ပါတယ် မယုံရင် ကျွန်တော့်ကောင်မလေးကို မေးကြည့်ပါ ပေါတောတော နေပေမယ့် public မှာအမှိုက်ဖွရတာ သိပ်ရှက်ပါတယ်” ဆိုပြီး ပြောကြားထားပါတယ်။

ပရိတ်သတ်ကြီးရေ ၂၀၁၈ အကယ်ဒမီဆုပေးပွဲကြီးမှာ ရဲရင့်အောင်တစ်ယောက်ကတော့ အမှိုက်မချခဲ့ဘူးဆိုတာ ရဲဝင့်စွာပဲဝန်ခံလိုက်ပါပြီနော်။ ရောက်လေရာ အမှိုက်မချတတ်ပဲ စည်းကမ်းတကျ ပြုမူနေထိုင်တတ်တဲ့ ရဲရင့်အောင်ရဲ့ စိတ်ဓာတ်ကိုတော့ မလေးစားပဲမနေနိုင်ပါဘူး။

(ပိုပိုလေး) 



Follow us on