1. Home
  2. Movie Stars - Celebrity

ဓာတ်ပုံဆရာတစ်ယောက်ရဲ့ပုံကို ခရက်ဒစ်မပေးဘဲ ယူသုံးမိတဲ့အတွက် ဝေဖန်ခံနေရတဲ့ ဒါရိုက်တာဝိုင်း

Movie Stars - Celebrity มี.ค. 25, 2562 view 1,617

၂၀၁၈ အကယ်ဒမီရုပ်ရှင်ဆုပေးပွဲအခမ်းအနားကြီးမှာ ဒါရိုက်တာဝိုင်းဟာ ရွှေကြာရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းဖန်တီးသူအဖြစ်ဆုရရှိထားတာဖြစ်ပါတယ်။ “ရွှေကြာ” ရုပ်ရှင်ကားကြီးဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံးဇာတ်ညွှန်းရေးဆရာဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဇာတ်ညွှန်းဆုကို ရရှိထားတဲ့ ဒါရိုက်တာဝိုင်း ရဲ့ ဆုယူအပြီးကျေးဇူးတင်စကားပြောကြားတဲ့အခါမှာ အပြောအဆိုမပြေပြစ်မှုတို့ကြောင့် ပရိတ်သတ်များက ဝိုင်းကို ဆဲရေးတာမျိုးတွေရှိလာကြပါတယ်။ ဒါရိုက်တာဝိုင်းတစ်ယောက် အကယ်ဒမီဆုပေးပွဲအပြီးမှာ သူ၏ လူမှုကွန်ယက်မှတစ်ဆင့် “ကြည့်စမ်းပါဦး ကြာပွင့်လေးတွေများပွင့်နေလိုက်တာ လှနေလိုက်တာ” ဆိုပြီး တင်ခဲ့ပါတယ်။

ဒါရိုက်တာဝိုင်း တင်ထားတဲ့ ပုံတွေထဲမှာ ကြာပွင့်လေးတွေကိုင်ထားတဲ့ မိန်းမပျိုလေးများရဲ့ ဓာတ်ပုံလေးတွေ အများအပြားပါဝင်နေပါတယ်။ ထိုဓာတ်ပုံတွေထဲက ပထဦးဆုံးတစ်ပုံဟာ ဓာတ်ပုံဆရာ Thaw Htaik ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်နေခဲ့ပါတယ်။ ဝိုင်းဟာ မူရင်းဓာတ်ပုံဆရာကို ခရက်ဒစ်မပေးပဲ တင်ခဲ့တဲ့အတွက် ဓာတ်ပုံဆရာ Thaw Htaik နှင့် သူငယ်ချင်းတစ်သိုက်က ဒါရိုက်တာဝိုင်းကို ပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။

ဒါရိုက်တာဝိုင်းဟာလည်း ထိုသို့အပြောဆိုခံရပြီး သိပ်မကြာခင်မှာ သူ၏ မူရင်းပို့စ်ကို ဖျက်သွားခဲ့ပါတယ်။

(ပိုပိုလေး)

 

 



Follow us on