1. Home
  2. Movie Stars - Celebrity

ပရိသတ်စိတ်ဝင်စားတဲ့ မေးခွန်းအများစုပါဝင်နေတဲ့ နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီဒီယို အပိုင်း-၂

Movie Stars - Celebrity มี.ค. 25, 2562 view 1,953

ဖိုးလပြည့်လို့ ပရိသတ်တွေသိကြတဲ့ နေရွှေသွေးအောင်ဟာဆိုရင် ရုပ်ရည်ခပ်ဖြောင့်ဖြောင့်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲနှလုံးကို ညှို့ယူဖမ်းစားထားသူတစ်ယောက်ဖြစ်ပါတယ်။ နေရွှေသွေးအောင်ဟာ အနုပညာနဲ့ပတ်သက်ရင် ဂီတကိုအလွန်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကျော် English သီချင်းတွေကို Cover song အဖြစ်ပြန်လည်သီဆိုလေ့ရှိသူလည်း ဖြစ်ပါတယ်။

နေရွှေသွေးအောင်ဟာ သူအရမ်းကြိုက်နှစ်သက်ရတဲ့ ကမ္ဘာကျော်အဆိုတော် Enquire Iglesias ရဲ့နာမည်ကြီးသီချင်းတော်တော်များများကို Cover song အနေနဲ့ပြန်လည်သီဆိုထားပြီး အမိုက်စားဗီဒီယိုတွေကိုပါ ပုံဖော်ရိုက်ကူးခဲ့ပါတယ်။ သီချင်းဗီဒီယိုတွေကို အင်တာနေရှင်နယ်ဆန်ဆန် အမိုက်စား၊ အကြမ်းစားပုံစံတွေနဲ့ ရိုက်ကူးထားတာကြောင့် နေရွှေသွေးအောင်ရဲ့သီချင်းတိုင်းဟာ အားပေးကြည့်ရှုသူပေါင်း သန်းချီရှိခဲ့ပါတယ်။

လူအများရဲ့စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံရတဲ့ နေရွှေသွေးအောင်ဟာဆိုရင် သူနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ ပရိသတ်တွေကသိချင်သမျှ၊ သိလိုသမျှတွေကို မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့ပြီး အားလုံးရဲ့မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ မကြာသေးမီက အပိုင်း ၁ အနေနဲ့ မေးခွန်းအချို့ကို ဖြေကြားပေးခဲ့တဲ့ အင်တာဗျူးဗီဒီယိုထွက်ရှိခဲ့ပြီးနောက် ယနေ့မှာတော့ စိတ်ဝင်စားစရာအလွန်ကောင်းတဲ့ မေးခွန်းတွေကိုထပ်မံဖြေကြားပေးထားတဲ့ အင်တာဗျူးဗီဒီယိုကို အပိုင်း ၂ အနေနဲ့ ထပ်မံထွက်ရှိလာပါတယ်။

ယခုထွက်ရှိလာတဲ့ အင်တာဗျူးဗီဒီယိုထဲမှာ အရင်ကထက် ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ ဘယ်လိုမျိုးမေးခွန်းအကြောင်းအရာတွေကို ပြန်လည်ဖြေကြားပေးထားလဲဆိုတာသိရှိဖို့အတွက် နေရွှေသွေးအောင်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်ကိုမျှဝေပေးလိုက်ရပါတယ်။

(ပိုပိုလေး)

 



Follow us on