1. Home
  2. Good Morning Myanmar

သြဂုတ်လ(၁၇)ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ အင်းစိန်ရထားလမ်းခုံးကျော်တံတားအမှတ်(၂)

Good Morning Myanmar ส.ค. 20, 2558 view 1,814

သြဂုတ်လ(၁၇)ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ အင်းစိန်ရထားလမ်းခုံးကျော်တံတား အမှတ်(၂)ဟာ လှိုင်မြစ်လမ်းဘက်ကနေ လမ်းသစ်လမ်းဘက်နဲ့ ရန်ကုန်မြို့ဘက်ကိုယာဉ်ကြောတစ်လမ်းသွားအဖြစ် ဆက်သွယ်ထားတာဖြစ်ပြီး လှိုင်မြစ်ကမ်းကနေ မင်းကြီးလမ်းဘက်ကိုသွားမယ့် ယာဉ်တွေအနေနဲ့ ယာဉ်လမ်းကြောမရှိတာကြောင့်တံတားအဆင်းကနေ ပြန်ကွေ့သွားနေတာဖြစ်ပါတယ်။

ဒါကြောင့် လှိုင်မြစ်လမ်းဘက်ကနေ မင်းကြီးလမ်းဘက်ကို သွားနိုင်ဖို့ ပင်မတံတားကနေ မင်းကြီးလမ်းဘက်ကိုဆက်သွယ်တဲ့ နောက်ထပ်တံတားလက်တက်တစ်ခုကို လာမယ့်(၂၀၁၆)ခုနှစ်အတွင်း တည်ဆောက်ဖို့လျာထားတယ်လို့ သိရပါတယ်။



Follow us on