မြန်မာလက်ရွေးစင် ကစားသမား အောင်သူဟာ ထိုင်အင်အားကြီးကလပ် မြောင်တောင်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဖို့ ရုံးကန်နေရပြီး သူအဲ့ဒီအသင်းမှာ ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါပြီ။ ထိုင်းလိဂ်ရဲ့ ဘောလုံးရာသီအသစ် စတင်ချိန်မှာတော့ အောင်သူက မြောင်တောင်အသင်းအတွက် (၂)ပွဲသာ ကစားပေးထားရပြီး ဂိုးရရှိခဲ့ခြင်းမရှိသေးပါဘူး ။ မြောင်တောင်ယူနိုက်တက်ကလည်း ထိုင်းလိဂ်မှာ အဆင့် (၈)နေရာရပ်တည်နေပါတယ်။
အောင်သူဟာ ယခုအချိန်ထိ အသင်းဖော်တွေနဲ့ အချိတ်အဆက်မိမိ အထိုင်မကျသေးတဲ့ အတွက် ခြေစွမ်းပြဖို့ရုံးကန်နေရပါတယ်။အောင်သူပါဝင်ကစားတဲ့ ၂ ပွဲစလုံးမှာလည်း မြောင်တောင်ယူနိုက်တက် အသင်းဟာ ၂ ပွဲစလုံးရှုံးနိမ့်ထားခဲ့ပါတယ်။
ထိုင်းလိဂ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ထိုင်ကစားသမားတွေတောင် နေရာတစ်ခု ရဖို့အတွက်ရုံးကန်ရတာကြောင့် အောင်သူဟာ မြောင်တောင်အသင်းမှာ ပွဲထွက်ခွင့်ရဖို့က မသေချာပါဘူး။ အသက် ၂၂ အရွယ်အောင်သူဟာ ဒီထက်မကတိုးတက်ဖို့အခွင့်အလမ်းတွေ ရှိတာကြောင့် မြောင်တောင်အသင်းမှာ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်တွေ ၊ဂိုးတွေ သွင်းယူပြနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
အောင်သူဟာ မြန်မာဘောလုံးအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ်မှာ ရတနာပုံအသင်းအတွက်စတင် ပွဲထွက်ကစားခဲ့ပါတယ်။ လက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် အလားအလာရှိတဲ့ လူငယ်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။
အောင်သူဟာ ရတနာပုံအသင်းအတွက် အောင်သူက (၅၈)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုးအားဖြင့် (၂၄)ဂိုး ရရှိခဲ့ပြီးနောက် ထိုင်းကလပ် ပိုလစ်တယ်ရိုအသင်းကို အငှားဖြင့် သွားရောက်ကစားစေခဲ့ပြီး ခြေစွမ်းကောင်းပြသထားနိုင်တာကြောင့် မြောင်တောင်အသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။