1. Home
  2. Movie Stars - Celebrity

မြန်မာ့တပ်မတော်နဲ့ BTS Army Fan Group တို့ကို မှား hack မိတဲ့ ဘင်္ဂါလီဟက်ကာများ

Movie Stars - Celebrity มี.ค. 26, 2562 view 2,052

လတ်တလော ကာလတွေမှာ မြန်မာတပ်မတော်နဲ့ ဘင်္ဂလား တပ်မတော်တို့ဟာ အွန်လိုင်းပေါ်မှာ ဆိုက်ဘာတိုက်ပွဲများ ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်ဘက်အရေးနဲ့ ပတ်သတ်ပြီး မြန်မာတပ်မတော်ရဲ့ အတွင်းရေးတွေကို ထဲထဲဝင်ဝင်သိချင်နေပုံပါပဲ။မြန်မာ့ တပ်မတော်အကြောင်းအရာများကို ဖောက်ထွင်းသိရှိနိုင်ဖို့ ဖေ့ဘွတ်ခ်တစ်ခွင်မှာ တပ်မတော်နဲ့ ပတ်သတ်တဲ့ Group တွေ၊ ပေ့ခ်ျတွေကို လိုက် ဟက်နေဟန်တူပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့မှ မြန်မာ့တပ်မတော်အတွင်းရေးကိစ္စတွေပါဝင်တဲ့ Group ကို ဟက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ၊ ကစားပွဲကအခုပဲစတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

မင်းတို့က ဘင်္ဂလားညီအစ်ကို တွေနဲ့အပြိုင်ဟက်ချင်နေတာလား ဖေ့ဘွတ်ခ်တစ်ခွင်မှာ ရှိတဲ့ ဆိုက်တွေအကုန်လုံးငါတို့ အပိုင်ဖြစ်စေရမယ်၊ အခု ပါကစ္စတန်ကို စတင်တိုက်ခိုက်နေပြီဆိုပြီး ရေးသားထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ ဖေ့ဘွတ်ခ်သုံးနေတဲ့ အများပြည်သူများ ထိတ်လန့်သွားကြပြီး ဘင်္ဂါလီဟက်ကာ များ ဟက်ထားတဲ့ Group ကိုသွားရောက်ကြည့်ရှုလိုက်တဲ့အခါမှာတော့ BTS Myanmar Army Group ပဲဖြစ်နေပါတယ်။

BTS ဆိုတာ တောင်ကိုးရီးယားနိုင်ငံမှာ နာမည်ကြီး အမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး Army ဆိုတာကတော့ သူတို့ရဲ့ ပရိတ်သတ်များကို ကိုယ်စားပြုတဲ့ နာမည်တစ်ခုပဲဖြစ်ပါတယ်။ ဒါကို ဘင်္ဂလားဒေ့ရှ်ဟက်ကာများက မသိပဲ Myanmar Army ဆိုသော စကားလုံးပါလို့ မြန်မာ့ တပ်မတော်အတွင်းရေးတွေတင်တဲ့ Group ထင်မှတ်ပြီး မှားဟက်လိုက်တာပါ။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံက Kpop ပရိတ်သတ်အချို့က “လျှို့ဝှက်ချက်တွေတော့ သိကုန်တော့မှာပဲ” “အတွင်းရေးတွေပေါ်ကုန်ပါပြီ” “ဟက်ရကျိုးနပ်လိုက်တာ” ဟုရေးသားပြီး မျိုးစုံကြိုးခုန်စနောက်ထားကြပါတယ်။

(ပိုပိုလေး)

 



Follow us on