1. Home
  2. Special or Others

မလေးရှားတွင်တွေ့ခဲ့ရသော နဂါးတစ်ကောင်၏ ဖြစ်ရပ်အမှန် (ရုပ်သံ)

Special or Others มี.ค. 28, 2562 view 2,432
မတ်လ ၂၅ ရက်နေ့က မလေးရှားသတင်းစာတွင် ဖော်ပြပါရှိခဲ့သော ‘ကွာလာလမ်ပူမြို့တွင်းသို့ နဂါးတစ်ကောင်ကျူးကျော်ဝင်ရောက်’ ဆိုသည့် သတင်းအား ပိုပိုလေးမှ ရုပ်သံနဲ့တစ်ကွ ဖော်ပြခဲ့ပြီးနောက် ဝေဖန်ဆွေးနွေးသူများ များပြားခဲ့သည်။ သို့ဖြစ်ပါ၍ အဆိုပါနဂါးနဲ့ ပက်သက်သည့် နောက်ဆက်တွဲ ဖြစ်ရပ်မှန်သတင်းအား ထပ်မံရရှိခဲ့သဖြင့် ထပ်မံဖော်ပြပေးလိုက်ပါတယ်။
 
 
သစ်ပင်ထက်တွင် နားနေရာမှ ရုတ်တရက် ပျံသန်းသွားသည့် နဂါးတစ်ကောင်အား ကွာလာလမ်ပူမြို့ရှိ ဘန်ဆာ၊ ဒမန်ဆာရ နဲ့ ဆူးဘန်းဂျာယာရပ်ကွက်တို့မှာ အမှန်တစ်ကယ် တွေ့ရှိခဲ့ရပါတယ်။ ထူးဆန်းသည့်ဖြစ်ရပ်ကြောင့် လူထုအကြားအတော်လေး ရေပန်းစားသွားခဲ့ရပြီး နဂါးအစစ်လားဆိုတဲ့ မေးခွန်းတွေ ပျံ့နှံ့ခဲ့ပါတယ်။
 
 
ဖြစ်ရပ်မှန်ကတော့ လာမယ့် ဧပြီလ ၁၆ ရက်နေ့မှစတင်ကာ ထုတ်လွှင့်ပြသတော့မည့် Game Of Throne Season 8 ကို ကြော်ငြာသည့်အနေဖြင့် စက်ရုပ်နဂါးတစ်ကောင် ကွာလာလမ်ပူမြို့ ကောင်းကင်မှာ ပျံဝဲနေခဲ့ခြင်းဖြစ်သည်။ 
 
 
HBO ရုပ်သံလိုင်း၏ ဇာတ်လမ်းတွဲ Game Of Throne မှာ ကမ္ဘာကျော်လူကြိုက်များတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး Season 8 ဟာ ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်း ဖြစ်ပါတယ်၊ ဒီရုပ်သံဇာတ်လမ်းတွဲမှာလည်း ဆင်ဆာလုံးဝ ဖြတ်တောက်ခြင်းမရှိပဲ ပြသသွားမှာဖြစ်ကြောင်း သတင်းထပ်မံရရှိသည်။
 


Follow us on