1. Home
  2. Movie Stars - Celebrity

အကယ်ဒမီဆုပေးပွဲအပြီး ကြည့်ရှသူဦးရေ သိသိသာသာနည်းလာတဲ့လှပ်၍လွှင့်သော ရုပ်ရှင်ဇာတ်ကားကြီး

Movie Stars - Celebrity มี.ค. 28, 2562 view 2,041

၂၀၁၈ အကယ်ဒမီရုပ်ရှင်ဆုပေးပွဲအခမ်းအနားကြီးကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲမှာ အကယ်ဒမီရရှိသူများဟာ ပရိတ်သတ်သဘောထားနဲ့ ကိုက်ညီခြင်းမျိုးမရှိတာကြောင့် လူမှုကွန်ယက်ဖေ့ဘွတ်ခ်တစ်ခွင် ပရိတ်သတ်အများပွဲဆူလာကြပါတယ်။ အကယ်ဒမီ ဆုပေးပွဲကြီးမှာ ဒါရိုက်တာဝိုင်းဟာ ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ကောင်းဆုံးဇာတ်ညွှန်းဆုကိုရရှိခဲ့ပြီး ဖွေးဖွေးကလဲ ရွှေကြာ ရုပ်ရှင်ကားကြီးနဲ့ပဲ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပါတယ်။

အကယ်ဒမီဆုပေးပွဲကြီးမှာ ဒါရိုက်တာဝိုင်း ကျေးဇူးတင်စကားပြောကြားရာမှာ ပရိတ်သတ်တွေကို မကျေမနပ်လေသံမျိုးနဲ့ ပြောကြားသွားတဲ့အတွက် ဝိုင်းကို ပရိတ်သတ်အများကအွန်လိုင်းမှာ ဝေဖန်ပြောဆိုလာကြပါတယ်။ ဒါ့အပြင် ရွှေကြာရုပ်ရှင်ဇာတ်ကားကြီး အကယ်ဒမီပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု ရရှိထားတာကိုလဲ ဒါဟာ မရသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပရိတ်သတ်အများက ဝေဖန်လာကြပါတယ်။ ပရိတ်သတ်တွေအနေနဲ့ ပေါကားများရပ်တန့်ပြီး ခီမောင်နှံရဲ့ “မုဒြာခေါ်သံ” ကိုပေးသင့်ကြောင်း၊ ဒါမှမဟုတ် “မီ” ရုပ်ရှင်ကားကြီးကိုပေးသင့်ကြောင်း၊ ပြည့်တန်ဆာကားကို ပေးတာ ဘာအဓိပ္ပါယ်မှမရှိကြောင်း မျိုးစုံကြိုးခုန် ဆန္ဒတွေထုတ်ဖော်ပြောကြားလာကြပါတယ်။

အကယ်ဒမီရုပ်ရှင်ပွဲအပြီးမှာ ပရိတ်သတ်တွေက အားလုံးတိုင်ပင်ထားကြသလို ဖြစ်နေပါတယ်။ ဒီတစ်ခါရုံတင်တဲ့ကားက ထုံးစံအတိုင်း ဒါရိုက်တာဝိုင်းရိုက်ကူးပြီး ဖွေးဖွေးပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားကြီးတစ်ကားပါ။ ဇာတ်ကားနာမည်ကတော့ “လှပ်၍လွှင့်သော” ဖြစ်ပြီး လူငယ်စာရေးဆရာမ စံပယ်ဖြူနုရဲ့ ဝတ္ထုတစ်အုပ်ဖြစ်ပါတယ်။ လှပ်၍လွှင့်သော ရုပ်ရှင်ကားကြီးကို ရန်ကုန်မြို့ရော၊ နယ်မြို့တွေပါမကျန်ကြည့်ရှု သူအင်မတန်မှ နည်းပါးလာတာကြောင့် ထုတ်လုပ်သူ “ခရေဖြူ ထုတ်လုပ်ရေး” မှအရှုံးပေါ်နေကြောင်းသိရပါတယ်။

ယမန်နေ့ တပ်မတော်နေ့လို ပိတ်ရက်မှာတောင် မန္တလေးမြို့ Ocean Super Center – JCGV ရုပ်ရှင်ရုံမှာ ကြည့်ရှုသူသုံးဦးသာရှိခဲ့ပါတယ်။ Online Messenger Bot ကနေ ကြိုတင်လက်မှတ်များဖြတ်ယူတဲ့အခါမှာလဲ နေရာအလွတ်များ အများအပြားရှိနေခဲ့ပါတယ်။ လက်ရှိမှာတော့ “လှပ်၍လွှင့်သော” ရုပ်ရှင်ကားကြီးကို ပြသတဲ့ ပွဲချိန် တစ်ပတ်နဲ့ တစ်ဝက်ကျော် ဖျက်ပစ်လိုက်ရပြီပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 



Follow us on