1. Home
  2. Special or Others

သမီးသေဆုံးရတာဟာ သားမက်ထွားကျိုင်းမှုကြောင့်ဟု ယောက္ခမစွပ်စွဲ

Special or Others มี.ค. 28, 2562 view 1,554
အသက် ၂၃ နှစ်အရွယ် သမီးဖြစ်သူဟာ ခင်ပွန်းဖြစ်သူနဲ့ ညအိပ်ယာဝင်စဉ် အိပ်ယာထဲမှာ ရုတ်တရက်သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဖခင်သ သားမက်ရဲ့ လိင်အင်္ဂါ အဆမတန်ကြီးထွားတာကြောင့် သူ့သမီးသေဆုံးခဲ့ရတယ်လို့ စွပ်စွဲပြီး ရဲကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
 
 
အသက် ၅၅ နှစ်အရွယ် ယောက္ခမဖြစ်သူ Nedi Sito ဆိုသူဟာ သမီးသေဆုံးရတဲ့အပေါ် သားမက်ရဲ့ အဆမတန်ကြီးတဲ့ ဒဏ်မခံနိုင်ပဲ လိင်ဆက်ဆံစဉ် အခုလို ရုတ်တရက် အိပ်ယာထဲမှာ သေဆုံးခဲ့တယ်လို့ အခိုင်အမာ စွပ်စွဲခဲ့ပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ဂျာဗားပြည်နယ်ရှိ မရောင်ကင်ဒူရွာလေးမှာ ဖြစ်ပျက်ခဲ့တာပါ။ ယောက္ခရဲ့ တိုင်ကြားချက်ကြောင့် သားမက်ဖြစ်သူ Barsah ဟာ ရဲတွေနဲ့ ဆွေမျိုးတွေရဲ့ ရှေ့မှာပဲ သက်သေထားပြီး သူ့ရဲ့ လိင်အင်္ဂါကိုပြဖို့ စေခိုင်းခံခဲ့ရပါတယ်။ မဟုတ်ကြောင်း ငြင်းပယ်ခဲ့ပေမယ့် အတင်းအကြပ်စေခိုင်းမှုကြောင့် နောက်ဆုံး ချွတ်ပြခဲ့ရတဲ့အခါ ယောက္ခမကြီး မျှော်လင့်ထားသလို အဆမတန်ကြီးထွားတာ မဟုတ်ပဲ ပုံမှန်အရွယ်အစားပဲဖြစ်နေတယ်ဆိုတာ တွေ့လိုက်ကြရပါတယ်။
 
ဒီအခါကျမှ ယောက္ခမနဲ့ သားမက်တို့ အပြန်အလှန်တောင်းပန်ခဲ့ကြပြီး ပြေလည်မှုရသွားခဲ့ပါတယ်။ သမီးဖြစ်သူ Jumantri ရဲ့ သေဆုံးမှုဟာ ဝက်ရှုးပြန်ရောဂါကြောင့် ဖြစ်ပြီး သူမအသက် ၁၄ နှစ်သမီးထဲက ဒီရောဂါ ခံစားခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သားမက်ကို အထင်ကြီးပြီး သံသယဖြစ်ခဲ့တဲ့ ယောက္ခမဟာ ဝက်ရူးပြန်ရောဂါကြောင့် သူ့သမီး ရုတ်တရက် ဆုံးပါးခဲ့ရတယ်ဆိုတာကို လက်ခံသွားခဲ့ပါတယ်။

 



Follow us on